နတ်မြစ်အတွင်း မျောပါနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါတဲ့ စက်လှေနှစ်စင်း ဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်း

By Irrwaddy / 2024 July      16

အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀၀ ကျော်ခန့် လိုက်ပါလာတဲ့ စက်လှေနှစ်စီးဟာ နတ်မြစ်အတွင်း မျောနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အဆိုပါစက်လှေနှစ်စီးကို တားမြစ်ခဲ့လို့ အဆိုပါလှေနှစ်စင်းလုံး နတ်မြစ်အတွင်း မျောပါနေ တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက ဖြစ်စဉ်နဲ့ပတ်သက်လို့ တ ရားဝင် ကြေညာချက်တွေ မထုတ်ပြန်သေးပါဘူး။

မြန်မာဘက်မှာ တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ခန့် လိုက်ပါ လာတဲ့ စက်လှေနှစ်စီးဟာ နတ်မြစ်ထဲမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါ တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရားမဝင် ဝင်ရောက်တာကို တားမြစ်နိုင်ဖို့ နတ်မြစ်အတွင်း ကင်းလှည့်မှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

တက္ကနက်မြို့တော်ဝန် မူဂျီဘူရာမန်ကလည်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ဝင်ရောက်ဖို့ကြိုးပမ်းတာကို အတည်ပြုခဲ့ပါတယ်။

နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ ညပိုင်းအထိ တိုက်ပွဲတွေ ပြင်း ထန်ခဲ့ပြီး ပစ်ခတ်သံတွေကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ကျယ်လောင်စွာ ကြားခဲ့ရတယ်လို့ သိရပါတယ်။

“မြန်မာဘက်မှာ မီးလောင်ပြီး မီးခိုးတွေ ထွက်နေတာကို ဒီဘက်ဆိပ်ကမ်းက မြင်တွေ့ခဲ့ရတယ်” လို့ တက္ကနက်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သူ မိုဟာမက်ယူနွပ်က ပြောပါတယ်။

“မြန်မာဘက်ကနေ ကျယ်လောင်တဲ့ သေနတ်သံတွေ ကျွန်တော်တို့ ကြားခဲ့ရတယ်။ နယ်စပ်တစ် လျောက် ပဋိပက္ခကြောင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ပြေးနေကြတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေလည်း နယ်စပ်ဖြတ်ပြီး ဝင်ပြေးဖို့ ကြိုးစားနေကြတယ်” လို့ နယ်စပ်ဒေသခံ မို ဟာမက်အစ္စလာမ်က ပြောပါတယ်။

ကိုးကား – Dhaka Tribune

Ref; 2 BGP trawlers adrift in Naf River, attempt to enter Bangladesh

https://www.facebook.com/photo/?fbid=809128761356145&set=a.583120810623609

Leave a Reply

Your email address will not be published.