By Arakan Bay News / 2024 July 2
တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲ နေထိုင်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တက္ကသိုလ် ပါမေက္ခချုပ်၏ နေအိမ် တိုက်ခန်းအား ဖောက်ထွင်းကာ ပစ္စည်းများကို ခိုးယူသွားသည်ဟု ခိုင်လုံသတင်းရင်းမြစ်ကပြောသည်။
တက္ကသိုလ်ပါချုပ်၏ နေအိမ်တံခါးတွင် ပိတ်ထားသည့် သော့ခလောက်အား ဖြိုဖျက်ပြီး ဝင်ရောက်ကာ နေအိမ်တွင်းရှိ အဖိုးတန် ပစ္စည်းများကို ယူသွားကြသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ABN သို့ပြောသည်။
“ပါချုပ်အိမ် သော့ခလောက်ကိုဖျက်ပြီး ဝင်ကြတယ်။ ပစ္စည်းတွေအားလုံးမွှေနှောက်ပြီးမှ သူတို့လိုချင်တဲ့ပစ္စည်းတွေ ယူသွားကြတယ်။ အဲဒီတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စကစအဖွဲ့တွေလုပ်တာပဲ။” ဟုပြောသည်။
ထိုတောင်ကုတ်တက္ကသိုလ်ကျောင်းဝန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှအပ မည်သူ တစ်ဦးတစ်ယောက်မျှ မရှိဟုလည်း သိရသည်။
ဇွန်လ အစောပိုင်းတွင် တက္ကသိုလ်ကျောင်းထဲမှ ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်ဆရာများကို စစ်ကောင်စီက နှင်ထုတ်ခဲ့ရာ မထွက်ဘဲ နေခဲ့ကြသည့်အတွက် ကျောင်းဝန်းထဲ ဇွန်လ ၁၇ ရက်နေ့တွင် စကစက လက်နက်ကြီး ပစ်ခတ်ခဲ့သည်။
ထို့နောက် တက္ကသိုလ်ကျောင်းဝန်းထဲမှ ပါချုပ်အပါအဝင် ကျောင်းဆရာများ ထွက်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ကြီးများဖြင့် နေရာယူ တပ်စွဲခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တောင်ကုတ်၌ အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီအဖွဲ့တို့ကြား စစ်ရေး တင်းမာလျက်ရှိကာ တောင်ကုတ်မြို့ထဲမှ ပြည်သူအများစုမှာလည်း ဘေးလွတ်ရာ စစ်ဘေးရှောင်နေကြသည်ဟု သိရသည်။
https://www.facebook.com/photo/?fbid=122154071894180219&set=a.122103611546180219