(ဒေသခံမွတ်ဆလင်အချို့ သေဆုံး ဒဏ်ရာရရှိမှုရှိနေဟုဆို) By Narinjara / 2024 June 28 တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းပေါ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှနေ …
တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ နပခအထိ တိုက်ပွဲများနီးကပ်လာသဖြင့် မြို့ခံ အများအပြားတိမ်းရှောင်
By Narinjara / 2024 June 28 တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးထိ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာသဖြင့် မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သတင်းရရှိသည်။ အမ်းဒေသခံအမျိုးသားတစ်ဦးက “ ကြောင်ဖြူကွင်းကျေးရွာနားမှာဆိုရင် ဒီလ ၂၆ ရက် လောက်ကတည်းက အာရက္ခတပ်တော်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ရင်းနဲ့ တိုက်ပွဲဖြစ်နေကြတာရှိတယ်။ မနေ့ကလည်းဖြစ်တယ်။ ကြောင်ဖြူကွင်းရွာဖက်ကို စစ်ကြောင်းတွေ မကြာမကြာထိုးတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ကြောင်ဖြူကွင်းနဲ့ နီးတယ်လေ” ဟု နိရဥ္စရာ သတင်းဌာန ကိုပြောသည်။ တိုက်ပွဲဖြစ်ပွားနေသည့် ကြောင်ဖြူကွင်းကျေးရွာသည် အမ်းမြို့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တမိုင်ခွဲခန့် အကွာအဝေးတွင် တည်ရှိပြီး စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ အကြား ဇွန်လ ၂၆ရက်မှ စတင်ပြီး ကြောင်ဖြူကွင်းရွာ အနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။ အမ်းမြို့ခံအမျိုးသမီးတစ်ဦးက “ လက်နက်ကြီးပစ်ခတ်သံတွေက အခုရက်ပိုင်း အတွင်းမှာ မြို့အနားထိ ကျယ်ကျယ်လောင်လောင်ကြားနေရတော့ မြို့ခံတွေက အရင်ကထက်ပိုပြီး ထွက်ပြေးကြတယ်။ သူ့နည်း သူ့ဟန်နဲ့ မြို့ထဲကနေ ထွက်ကြရတာပေါ့။ မြို့ထဲမှာ မလုံခြုံတော့သလို ခံစားနေရတယ်” ဟု ပြောသည်။ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအနီးရှိ မဲတောင် တောင်ကြောတလျှောက်ရှိ စစ်ကောင်စီ ကာကင်းများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အသာစီးရထားကြောင်း စစ်ရေး သတင်းအရင်းမြစ်များအရ သိရသည်။ “ မဲတောင်မှာရှိတဲ့ ကာကင်းစခန်းက စစ်ကောင်စီတချို့ နောက်ဆုတ် ထွက်ပြေးသွားတာတွေရှိတယ်။ တပ်တော်ဖက်ကတော့ အသာရနေတယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲတွေက တော်တော်ပြင်းထန်နေတဲ့ အနေအထားမှာ ရှိနေပါတယ် ”ဟု ပြောသည်။ အမ်းမြို့နယ် အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးအထိ နီးကပ်လာပြီဖြစ်သဖြင့် စစ်ကောင်စီဖက်မှလည်း ကာကင်းများကို အများအပြား တိုးချဲ့ တည်ဆောက်ထားသလို အင်အားအများအပြားကိုလည်း တိုးချဲ့ ချထားကြောင်း ဒေသခံများက ပြောသည်။ https://www.facebook.com/narinjara.info/posts/pfbid02qkqMN8kmxeBk7XLqRcxbSdw3UxkibzVem2Cy1fieNV1c1ApHmuoJsdEExc6JCc71l
အိန္ဒိယမှ ရခိုင်သို့ ကုန်ပစ္စည်းတင်သွင်းသည့်လမ်းကြောင်းကို လိုင်လူငယ်အသင်းက ပိတ်ပင်ထား၍ ကုန်သည်များထိခိုက်နစ်နာမှုရှိနေဟုဆို
By Narinjara / 2024 June 28 လိုင်လူငယ်အသင်း(CYLA) က ပြီးခဲ့သည့် ဇွန်လ ၂၄ မှ စတင်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်ပစ္စည်းများ တင်သွင်းသည့်လမ်းမကြီးကို ပိတ်လိုက်သဖြင့် ကုန်သည်များမှာ လမ်းတွင် …
မောင်တောက စစ်ဖီးယှောင် မူဆလင်ပြည်သူ ၄၀၀၀ ကျော်ကို ULA/AA ဖီးလွတ်ရာသို့ ကူညီပို့ဆောင်
By Arakan Princess Media / 2024 June 27 ဂျုန် ၂၆ ရက်နိမာ မောင်တောမြို့နယ်က စစ်ဖီးယှောင်မူဆလင်ပြည်သူ ၄၀၀၀ ကျော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA တပ်ဖွဲ့ဝင်ရို့က ဖီးလွတ်ရာသို့ ကူညီပို့ဆောင်ပီးခကတ်တေလို့ …
မောင်တောက WFP ကယ်ဆယ်ရေးရိက္ခာများကို ယူဆောင်ကြောင်း စစ်ကောင်စီဝန်ခံ (ရုပ်သံ)
By Western News / 2024 June 27 https://www.facebook.com/watch/?v=3342194632751334
တိုက်ပွဲများ ပြင်းထန်နေသည့် သံတွဲတွင် ထောင်ဝန်ထမ်းအချို့ ထွက်ပြေး၊ စစ်ကောင်စီတပ်သားအများအပြားဖြင့် လုံခြုံရေး ချထား
By Western News / 2024 June 27 ရခိုင်ပြည်၊ သံတွဲ အကျဉ်းထောင်က ထောင်ဝန်ထမ်းအချို့ ယခုရက်ပိုင်းများတွင် ထွက်ပြေးမှုများ ရှိနေပြီး အကျဉ်းထောင်ကို စစ်ကောင်စီတပ်သား အများအပြားဖြင့် လုံခြုံရေးယူထားကြောင်း ထောင်ဝန်ထမ်းများက ပြောသည်။ …
မောင်တောက WFP ကယ်ဆယ်ရေးရိက္ခာများကို ယူဆောင်ကြောင်း စစ်ကောင်စီဝန်ခံ
By Western News / 2024 June 27 ရခိုင်ပြည် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံမှာ ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့က …
အရပ်သားများကို အကြမ်းဖက်နေ၍ MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း
By Western News / 2024 June 27 ရခိုင်ပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာခြင်းနှင့်အတူ အရပ်သားများကို ထိခိုက်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်လာ၍ လူသားချင်းစာနာမှုကူညီပေးနေသည့် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။ …
စစ်ကောင်စီ သတ်ကွင်းထဲက မြို့စစ်တွေ
By DMG / 2024 June 27 ရခိုင်ပြည်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နောက်မှာ စစ်တွေမြို့ကနေ သွားလာခွင့်တွေ …
ဘူးသီတောင်တိုက်ပွဲကာလအတွင်း မြို့ကိုမစွန့်ခွာဘဲ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ခိုလှုံနေခဲ့တဲ့ အမှတ်(၅)ရက်ကွက်နေ ဒေါ်အေးကြည်က သူမကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြောပြထားပါတယ်။
By DMG / 2024 June 27 https://www.facebook.com/watch/?v=1152350065883488