ရက္ခိုင်ပြည် ဂွမြို့နယ်တွင် တောင်ယာလုပ်သား သက်ကြီးပိုင်း ၁ ဦး မိုင်းနင်းမိပြီး သေဆုံး

By Arakan Bay News / 2024 June      30

ရက္ခိုင်ပြည် ဂွမြို့နယ်တွင် တောင်ယာလုပ်စားနေသည့် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး တောထဲတွင် မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့ ညနေခန့်တွင် ဂွမြို့နယ် ရဟိုင်းကွင်းဆည်၏ နောက်ကျောဘက်ရှိ တောထဲတွင် သစ်ခုတ်သွားရာ၌ မိုင်းနင်းမိရာမှ ညဖက်ခြေထောက် တစ်ဖက် ပြတ်ထွက်သွားကာ သွေးလွန်သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

သေဆုံးသွားသူမှာ အသက် ၆၀ ခန့်အရွယ်ရှိပြီး ရဟိုင်းကွင်းရွာမှ ဖြစ်ကြောင်း သိရသည်။

မိုင်းနင်းသည့် နေရာမှ ကားလမ်းသို့ ရောက်ရန် ၁ နာရီကျော်ကြာပြီး ဂွမြို့ပြည်သူ့ဆေးရုံသို့ ရောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂွမြို့တွင် မိုင်းနင်း၍ ဒဏ်ရာရ သေဆုံးမှု ဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် တောတောင်များကို မှီခိုစားသောက်နေကြရသည့် ဒေသခံများမှာ စိုးရိမ်ကြောင်းကြနေသည်ဟုလည်း ဒေသခံများက AB News သို့ပြောသည်။

ဂွမြို့မှာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လျက်ရှိသည့် နယ်စပ်မြို့ဖြစ်သည်။

https://www.facebook.com/photo/?fbid=122153510954180219&set=pcb.122153511338180219

Leave a Reply

Your email address will not be published.