By Border News Agency / 2024 June 13
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရခိုင်ပြည်သူအများစုစစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တော၊သံတွဲ၊အမ်း၊ကျောက်ဖြူစတဲ့မြို့တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒီအာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ စစ်ဘေးရှောင်ငါးသိန်းထိရှိနေပြီး နိုင် ငံတကာအကူအညီတွေလိုအပ်နေတယ်လို့ သ တင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ရခိုင်စစ်ပွဲစတင်ကတည်းက စစ်ကောင်စီမှရခိုင်တပြည်လုံးလမ်းပန်းဆက်သွယ်ရေးအားလုံးကိုဖြတ်တောက်ထားသလို နိုင်ငံတကာလူသားချင်စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေကိုလည်း တားဆီးပိတ်ဆို့ထားပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူတွေ၊စစ်ဘေးရှောင်နေရာတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေပြုလုပ်နေတာမို့ ဒေသခံပြည်သူတွေနဲ့စစ်ဘေး
ရှောင်တွေ အလုပ်လုပ်ဖို့ခက်ခဲနေကြတာမို့ နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေကြတာလို့ ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/485311274017042