By Border News Agency / 2024 June 13
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်ရိုး တောင်ပြိုကနေ အငူမော်ဆိပ်ကမ်းထိကားလမ်းတလျှောက်မိုင်တစ်ရာနီးကို အာရက္ခတပ်တော်(AA)က ထိန်းချု ပ်ထားပြီလို့ မောင်တောဒေသခံတွေက ဆိုကြပါတ ယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင် စီတပ်ရဲ့ဒုံးပိုက်နယ် ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က ခုနှစ်လအကြာမှာ ခုလိုအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရဲ့ကုန်သွယ်ရေးကားလမ်းကို ထိန်းချုပ်နိုင်ခဲ့
တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်အသိ အမှတ်ပြုဆက်ဆံခွင့်ပြုလာရင်နယ်စပ်ကုန်သွယ် ရေးကို မကြာခင်ပြန်လည်စတင်နိုင်မယ်လို့ ရခိုင်အ ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
”မောင်တောခရိုင်တခုလုံးဟာအေအေကို အေအေကထိန်းချုပ်ထားပြီဆိုတာငြင်းလို့မရတော့ပါဘူး။မော င်တောမှာ တပ်စခန်းနည်းနည်းကျန်ပေမယ့်ဘာမှလု ပ်လို့မရကြတော့ပါဘူး။ဘင်္ဂလာအစိုးရဖက်ကသ ဘောတူလက်ခံရင် မောင်တောမြို့ကိုအေအေသိမ်းပြီးရင်နယ်စပ်ကုန်သွယ်ရေးပြန်စလို့ရနိုင်ပါတယ်။
အဓိကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရသဘောထားအ ပေါ်မူတည်တာပေါ့။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောဒေသရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့တာ၀န်ယူခဲ့တဲ့နယ်မြေမှာ မောင်တောမြို့နယ်၊ဘူးသီးတောင်မြို့နယ်နဲ့ရသေ့တောင်မြို့န ယ်တို့ ပါဝင်ပါတယ်။
အဲဒီအမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရဲ့ကွပ် ကဲမှုအောက်မှာနယ်မြေ ၁၁ ခုသတ်မှတ်ထားပြီး နယ် မြေရုံး ၁၁ ရုံး၊နယ်မြေရဲစခန်း ၁၂ ခု၊ကင်းစခန်း ၉၅ ခု၊ချောင်း၀ကင်းစခန်း ၂၇ ခု၊နယ် စပ်ခြံစည်းရိုးက င်းစခန်း ၁၂ ခု၊စုစုပေါင်း ၁၅၇ နေရာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ခုနဲ့လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအထဲက အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတို့သာကျန်နေပြီး အဲဒီတပ်ရင်းနှစ်ရင်းကိုလည်း အာရက္ခတပ်တော်(A A)က ထိုးစစ်ဆင်တိုက်ခိုက်ပိတ်ဆို့ဝိုင်ထားပြီလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”မောင်တောကအေအေလက်ထဲမှာပါ လက်ကျန်စစ်ကောင်စီတပ်အတွက်လက်နက်ချမလား။ထွက်ပြေးကြမလား။ရွေးချယ်ကြရတော့မယ့်အခြအနေတွေပါ။အများစုကလက်နက်ချချင်ကြပေမယ့်အထက်အရာရှိတွေကအချိန်ရသလောက်ပိုက်ဆံရှာဖို့အချိန် ဆွဲနေကြတာပါ။”လို့ မောင်တောမြို့အဝင်၊မြို့သူ ကြီးရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှနယ်ခြားစောင့်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို မောင်တောဒေသရဲ့နယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုယာယီဌာနချုပ်အဖြစ်သတ်မှတ်ပြီး ဗိုလ်မှူးချုပ်သူရိန်ထွန်းက နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ်တာဝ န်ယူဦးဆောင်ကွပ်ကွဲနေတာဖြစ်သလို သူနဲ့အတူ ဘူးသီးတောင်မြို့ကထွက်ပြေးလာတဲ့အမှတ် ၁၅ စစ်ဆ င်ရေးကွပ်ကွဲရေးမှူးလည်း ကိုယ်ကျိုးရှာနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ် ။
သူတို့နှစ်ဦးဟာ မောင်တောခရိုင်သို့လက်နက်စစ်သ ည်ရိက္ခာလာပို့တဲ့ရေတပ်သင်္ဘောတွေအပြန်မှာ မော င်တောခရိုင်နေမွတ်ဆလင်တွေကို အခကြေးငွေယူ
ပြီး စစ်တွေ၊ရန်ကုန်သို့ပို့ဆောင်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ထိစပ်နယ် နိမိတ် ၁၆၈.၅၇ မိုင်မှာဘင်္ဂလားပင်လယ်အော်နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားထိ ၃၉.၈၂ မိုင်၊အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် ဘီပီ ၃၁မှအာရက္ခ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယသုံးနိုင်ငံနယ်စပ်မှတ်တိုင် ဘီပီ ၇၃ ထိ ၁၂၈. ၇၅ မိုင်ရှိပါတယ်။
အဲဒီတောင်ပြို-အငူမော်ကားလမ်းတလျှောက်ကို အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုကိသိမ်းပိုက်ထိန်းချုပ်လုပ်ဆောင်နိုင်ပါက နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုအကူအညီတွေလ ည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့်အာရက္ခတပြည်လုံးသို့ဖြန့်ဝေကူညီပေးနိုင်တယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/485451937336309