၁၂ နှစ် နီးပါးပိတ်ထားခဲ့သည့် မောင်တောမြို့မဗလီကြီးအား စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

By Narinjara / 2024 May     15

ရခိုင်ပြည်နည်၊မောင်တောမြို့ ၌ ၁၂ နှစ်ကြာ နီးပါးပိတ်ထားခြင်းခံခဲ့ရသည့် မြို့မဗလီကြီးအား မေလ ၁၄ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း မောင်တောဒေသခံ မွတ်ဆလင်များထံမှ သိရသည်။

“ဒီမြို့မဗလီကြီးကို ၂၀၁၂ ကတည်းက ဝတ်ပြုခွင့် အပိတ်ခံခဲ့ရတာ။ မနေ့ကစပြီး ပြန်လည်ဝတ်ပြုခွင့် ပြုတယ်ဆိုပြီး အစ္စလာမ်သာဿနာရေးအဖွဲ့ကို စာနဲ့အကြောင်းကြားလာတာ။ မနေ့ကတော ဗလီထဲ ခြုံနွယ်တွေကို ရှင်းလင်းရေးလုပ်ခဲ့ကြတယ်”ဟု ပြောကြားသည်။

မောင်တောဗလီကြီးအား (နစက) ခေတ်၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့၌ မြို့လုံးကျွတ် စုပေါင်း ဝတ်ပြုဆုတောင်းပွဲပြုလုပ်ကျင့်ပခွင့်ပြုခဲ့ရာမှ ဗလီအဆင်း၌ ဆန္ဒပြကြရာမှ  မောင်တောမြို့၌ ဆူပူအကြမ်းဖက်မူများ ဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂၀ ခန့် သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် အများအပြား မီးရှို့ခံခဲ့ရသည်။

ယင်းနောက်ပိုင်းမှ စပြီး ဗလီကြီးအား ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့၌ စစ်ကောင်စီအမိန့်ဖြင့် ထွေအုပ်မှစာထုတ်ပြီး ပြန်လည် ဝတ်ပြုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက်သောကြာ နေ့ ဗလီဆင်းချိန်က ရာနဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်များသည် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ဗလီဆရာ ၁၀ ဦး အသတ်ခံရတဲ့ကိစ္စအား မကျေမနပ် ဖြစ်ပြီး ဆန္ဒပြကြရာ ကနေ အကြမ်းဖက်မူများ ဖြစ်ပွားပြီး လူသေဆုံးမူနေအိမ်များအား မီးရှို့ခံရမူများအထိဖြစ်ပွါးခဲ့ရခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/852952210205243

Leave a Reply

Your email address will not be published.