By Border News Agency / 2024 May 2
အာရက္ခ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်တလျှောက်ကို နယ်စပ်လုံခြုံရေးကိုတာဝန်ယူကာကွယ်စောင့်ရှောင်ဖို့ အာရက္ခနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေလိုအပ်နေသလိုအာရက္ခနယ်ခြားစောင့်အထူးတပ်ဖွဲ့ဖွဲ့ဖို့လိုအပ်နေပြီလို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
မောင်တောမြို့နယ်၊နတ်မြစ်ကနေပလက်ဝ-အိန္ဒိယနယ်စပ်ထိသုံးနိုင်ငံနယ်စပ်တလျှောက်ကိုအာရက္ခတပ် တော် (AA)က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် စစ်ရေးလိုအပ်ချက်အရ တခြားနေရာတွေမှာ စစ်ဆင်ရေးတွေဆင်နွဲ့နေတာမို့ နယ်စပ်လုံခြုံရေးကိုအပြည့်အဝမဆောင်ရွက်နိုင်သေးဘူးလို့ စစ်ရေးစောင့် ကြည့်လေ့လာသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီနယ်စပ်တလျှောက်လုံးကိုအင်အားအပြည့်အဝနဲ့လုံခြုံရေးအပြည့်အဝမယူပေးနိုင်သေးတာကိုအခွင့်အရေးယူပြီး အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက် သမားတွေဟာ တဖက်နိုင်ငံကအကူအညီတွေနဲ့ခိုးဝင်ပြီး ဒေသခံပြည်သူတွေကိုအကြမ်းဖက်မှုတွေကျူလွန်းတာတွေ၊အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့နေရာတွေမှာ ဝင်ရောက်လှုပ်ရှားလာတာတွေ၊အာရက္ခတပ်တော်(AA)ကို ဒေသတွင်းနေမွတ်ဆလင်အစွမ်းရောက်တွေနဲ့ပူးပေါင်းတိုက်ခိုက်တာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်အာရက္ခနယ်စပ်တလျှောက်လုံးကို လုံခြုံရေးယူပေးဖို့နဲ့အာရက္ခပြည်သူတွေနဲ့အသက်စည်းစိမ်အိုးအိမ်တွေကိုကာကွယ်စောင့်ရှောင့်ဖို့အတွက်အာရက္ခနယ်ခြားစောင့်အထူးတပ်ဖွဲ့ဖွဲ့ဖို့နဲ့တပ်ဖွဲ့သို့ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ အရေးတကြီးလိုအပ်နေတာလို့ ဆိုကြပါတယ်။