By Arakan Princess Media / 2024 May 30
မေ ၁၈ ရက်နိ၊ နိခင်း ၁၂ နာရီမာ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခပြီးနောက်ဘူးသီးတောင် အကျဉ်းထောင်မာပိတ်မိနီရေနိုင်ငံရီးအကျဉ်းသား (၃၁) ယောက်အပါအဝင် အကျဉ်းသား (၉၈) ယောက်ကိုကယ်ထုတ်နိုင်ခကြောင်း အာရက္ခတပ်တော်(AA) က ဒေနိ(မေ ၃၀ ရက်နိ) ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ဟိ ဖက်ဆစ် စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးအား ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နိ၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အပြီး သတ် သိမ်းပိုက်ရယူခပြီးဖြစ်သည်။ ဘူးသီးတောင်မြိုအား အာရက္ခတပ်တော်မှ သိမ်း ပိုက်ခပြီးနောက်ပိုင်း ဘူးသီးတောင် အကျဉ်းထောင်တွင် ပိတ်မိနီကတ်သည့် နိုင်ငံရီးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆီးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစဟိသော ရာဇဝတ်မှုအသီးသီးကျုးလွန်ထားသည့် အကျဉ်းသား (၉၈) ယောက်အား ဖီးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခပါသည်” လို့ ဖော်ပြထားပါရေ။
အဆိုပါ အကျဉ်းသား (၉၈) ယောက်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ၏ ရဲဖက်၊ အုပ်ချုပ်ရီးဖက်ဆိုင်ရာ တာဝန်ဟိရေလူရို့က အချက်အလက်တိကောက်ယူစီစစ်ပြီးကေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုစံနှုန်းတိအရ လိုအပ်တေ ကျန်းမာရီးစောင့်ယှောက်မှုတိနန့် အရေးပေါ်လိုအပ်လျက်ဟိရေ စားဝတ်နီရီး ထောက်ပံ့ကူညီမှုတိကို လုပ်ဆောင်ပီးခရေလို့ သိရပါရေ။
ယင်းအကျဉ်သားတိထဲမာ စစ်ကောင်စီက နိုင်ငံရီးအရ ခုတုံးလုပ်ပနာ မတရားသဖြင့် ဖမ်းဆီးထောင်ချထားရေ နိုင်ငံရီးအကျဉ်း သား (၃၁) ယောက်ပါဟိပြီးကေ ၎င်းရို့ကို မိသားစုဝင်တိနန့် ဆက်သွယ်ပီးပနာ ဖီးကင်းစွာ ပြန်နိုင်ရီးအတွက် လိုအပ်တေ ငွေကြေးထောက်ပံ့မှုတချို့ကိုလည်း ကူညီဆောင်ရွက်ပီးခရေလို့ ဆိုပါရေ။
အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်စွာ စစ်ပွဲအတွင်း ဖမ်းဆီးရမိရေ စစ်သုံပန်းတိကိုလည်း နိုင်ငံတကာ စစ်ဥပဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပီးလျက်ဟိရေပိုင် စစ်ကောင်စီ၏ စစ်ဖက်၊ ရဲဖက် အကျဉ်းထောင်၊ အကျဉ်းစခန်းတိမာ ဖမ်းဆီးခံနီကတ်ရရေ အကျဉ်းသားတိကိုတိုက်ပွဲတိကြားက ဖီးလွတ်ရာသို့ ကူညီ ကယ်ထုတ်ပီးခရေဖြစ်ရပ်တိ ဟိခပါရေ။
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့မာ အာရက္ခတပ်တော်နန့် ဖက်ဆစ် စစ်ကောင်စီရို့ကြား တိုက်ပွဲတိ မဖြစ်ခါကပင် စစ်ကောင်စီစွာ ဘူးသီးတောင်အကျဉ်းထောင်မာ ဖမ်းဆီးထိန်းသိမ်းထားရေ အကျဉ်းသားတိကို လွတ်ငြိမ်းခွင့် ပီးစွာနန့် နီရာပြောင်းရွှိစွာတိ လုပ်ဆောင်ခကေလေ့နိုင်ငံရီးအကျဉ်းသားတချို့ကို ချန်လှပ်ထားခကတ်ကြောင်း၊ ယင်းနိုင်ငံရီးအကျဉ်းသားတိကို ဘူးသီးတောင်အကျဉ်းထောင်ကတဆင့် နခခ (၃) သို ပြောင်းရွှိထိန်းသိမ်းထားခပြီးနောက် ဘူးသီးတောင်မြို့မာ တိုက်ပွဲတိ ပြင်းထန်လာခကေလေ့စစ်ကောင်စီစွာ နိုင်ငံရီးအကျဉ်း သားတိကို တိုက်ပွဲကင်းလွတ်ရာသို့ ပြောင်းရွှိဖို့တက်စား လျစ်လျူရှုခကြောင်း၊ အေချင့်စွာ စစ်ကောင်စီ၏ လူမျိုးရီးအမုန်းတရားကို အခြီခံပနာ ရက္ခိုင်ပြည်က နိုင်ငံရီး အကျဉ်းသားတိကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်တေလုပ်ရပ်ကို အထင်အရှား တွိမြင်နီရကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
အသက်ရှင်ကျန်ရစ်ခကတ်ပြီးကေ မိမိရို့ကယ်ထုတ်ပီးထားရေ အကျဉ်းသားတိကို ၎င်းရို့ကျုးလွန်ခရေ ပြစ်မှုတိနန့်န ကျခံထားပြီး ပြစ်ဒဏ်ကိုပြန်လည်စီစစ်ပနာ ဆက်လက်လုပ်ဆောင်သင့်စွာတိကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနီနန့် ဆက်လက်ဆောင်ရွက်လားဖို့လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
https://www.facebook.com/arakanprincessmedia1/posts/476301728128120