By Western News / 2024 May 21
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေနှင့် လင်းသီကျေးရွာတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး စစ်ကောင်စီတပ်သားများသည် ကစဉ့်ကလျားဖြင့် ထွက်ပြေးနေကြောင်း အာရက္ခတပ်တော် AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က Western News ကို ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီတွင် သံတွဲ-တောင်ကုတ်ကားလမ်းထက် သူဌေးချောင်းအနီး၊ ရွှေလှေနှင့် လင်းသီကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ခဲများအနေဖြင့် သေနတ် ၄၅ လက်၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သတင်းရင်းမြစ်က Western News ကို ပြောသည်။
” စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပါတယ်။ ဒဏ်ရာအများအပြား ရရှိပါတယ်။ လက်နက်ကတော့ ၄၅ လက် သိမ်းဆည်းရရှိပါတယ်။ စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေကြတယ်။ ပြည်သူအားလုံး သတိထားဖို့ လိုပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်အတွင်း အရပ်သား ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရရှိထားသလို ဒေသခံ နှစ်သောင်းခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/900361332103294