By DMG / 2024 May 7



ရခိုင်ပြည်တောင်ပိုင်း ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်သားများ အခြေကုပ်တပ်စွဲ နေထိုင်ခဲ့သည့် နေရာအချို့ကို ယခုလအတွင်း မြင်တွေ့ရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများသည် ရမ်းဗြဲမြို့တောင်ဘက်ရှိ သိမ်တောင်ဘုရားကုန်းအပါအဝင် ရဲစခန်း၊ အောင်စေတီ ဘုရားကုန်း၊ အောင်ချမ်းသာဓမ္မာရုံ စသည့်နေရာတို့တွင် တပ်စွဲနေထိုင်ခဲ့သည်။
သိမ်တောင်ဘုရားကုန်း၌ အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ရမ်းဗြဲတိုက်ပွဲ စတင်ခဲ့သည်။
AA ထိုးစစ်ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံခဲ့သော်လည်း သုံးလအကြာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် ရမ်းဗြဲမြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့တွင် နေအိမ်ရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ရပြီး ဈေး၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများလည်း မီးလောင်ပျက်စီးခဲ့ရသည်။
https://www.facebook.com/dmgnewsagency/posts/834621058711492