By Border News Agency / 2024 May 2
ရခိုင်အဆုံးအဖြတ်စစ်ပွဲမှာ ကမ္ဘာ့ကုလသမဂ္ဂမှ ကမ္ဘာကြီးသို့ သတင်းမှားတွေဖြန့်ဝေနေသလို ဘက်လိုက်ပြောဆိုတာတွေနဲ့ပဋိပက္ခတွေဖြစ်အောင်ဖန်တီးလုပ် ဆောင်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလို အပ်နေသလို ပြည်သူလူထုသတင်းသိပိုင်ခွင့်တွေဆုံးရှုံးနေကြရပြီး ဖုန်းလိုင်း၊အင်တာနက်လိုင်းစတဲ့ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂမှ ခုလိုမျိုးသတင်းမှားတွေ ဖြန့်ဝေနေတာလို့ ဆိုကြပါတယ်။
ရခိုင်အဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂမှဝန်ထမ်းတွေအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့အားလုံး အာရက္ခဒေသမှစွန့်ခွာထွက်ပြေးသွားကြသလို မြေပြင်အခြေအနေမှန်တွေကို အာရက္ခပြည်သူတွေတောင်အတိအကျသိခွင့်မရကြချိန်မှာ ကမ္ဘာ့ကုလ သမဂ္ဂမှခု လိုမျိုးသတင်းမှားတွေဖြန့်ဝေနေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”ကျနော်တို့မောင်တောကလူတွေတောင်ဘင်္ဂလားဖုန်းကဒ်သုံးလို့ရနေကြလို့သတင်းတွေကို သိခွင့်ရနေကြတာပါ။UNဝန်ထမ်းတွေရော့၊တခြားဝန်ထမ်းတွေပါပြေးသွားကြပြီလေ။ဘယ်သူတွေပို့တဲ့သတင်းကိုUNက အတည်ယူပြီး သတင်းမှားတွေဖြန့်နေတာလဲမသိဘူး။UN ကိုယ်တိုင်သတင်းမှားတွေဖြန့်ပြီး ပဋိပက္ခတွေဖန်တီးနေတာပါ။”လို့ မောင်တောမြို့ပေါ်နေဟိန္ဒူအမျိုးသားတစ်ဦးက Border News Agency သို့ပြောပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကအာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလို ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊တိုက်လေယာဥ်တွေအပြင် ကြေးရေလေပူးပေါင်းပစ်ခတ်ခုခံနေပေမယ့် အာရက္ခတပ်တော်(AA)ကတမြို့ပြီးတမြို့တိုက်ခိုက်သိမ်းယူနေပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်း ပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အဲဒီအပြင်မောင်တောခရိုင်တခုလုံးကိုလည်းအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်တော၊ဘူးသီးတောင်မြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေ၊တပ်ရင်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပါတယ်။
အဲဒီမောင်တောခရိုင်တခုလုံးကို အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက် ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင်လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံတွေက သတင်းမှားတွေဖြန့်ဝေပြီး ပဋိပက္ခတွေဖန်းတီးဖို့အားပေးသွေးထိုးမြှောက်ပေးနေကြတာလို့ အာရက္ခပြည်သူတွေက ဝေဖန်ပြောဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့၊ကုလသမဂ္ဂရုံးချုပ်မှာ မေလ ၁ ရက်နေ့ကပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစတဖင်ဒူဂျဲရစ်က”ရခိုင်မှာသတင်းတု၊သတင်းမှားနဲ့အမုန်းစကားတွေပြန့်ပွားနေပြီးလူမျိုးရေး၊ဘာသာရေးပဋိပက္ခအန္တရာယ်နဲ့တင်းမာမှုတွေပိုမိုတိုးပွားလာနေတဲ့ အရိပ်အယောင်တွေမြင်နေရလို့ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မိတယ်။” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက သတင်းမှားပြော ဆိုဖြန့်ဝေနေတာဟာ မြေပြင်အခြေအနေမှန်တွေကိုပိုမိုရှုပ်ထွေးလာစေပြီးလူမှုသဟဇာတဖြစ်ပြီးငြိမ်းချမ်းနေတဲ့လူ့အဖွဲ့အစည်းကို မယုံကြည်မှုတွေတိုးလာစေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်အကြောင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမှ ဧပြီလ ၁၉ ရက်နေ့ ကသတင်းစာရှင်းလင်းပွဲမှာ သတင်းမှားတွေကိုထည့်သွင်းပြောဆိုခဲ့သလို အစ္စလာမ်မစ်အစွမ်းရောက် အကြမ်းဖက်သမားတွေကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဝေဖန် ပြောဆိုကြပါတယ်။
အဲဒီအပြင် အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့အစွမ်းရောက်အကြမ်းဖက်ဖျက်ဆီးမှုတွေကို ထုတ်ဖော်မပြောဆိုဘဲ မွတ်ဆလင်တွေကိုသာ အလေးပေးပြောဆိုခဲ့ပြီးဘက်လိုက်စွပ်စွဲချက်တွေနဲ့ပြည့်နှက်နေတယ်လို့ အာရက္ခတပ်တော် (AA)က ဆိုပါတယ်။
နောက်ပြီးရိုဟင်ဂျာနဲ့လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံတွေဟာ အစ္စလာမ်မစ်စစ်သွေကြွအစွမ်း ရောက်တွေရဲ့အကြမ်းဖက်လူသတ်လုယက်မီးရှို့မှုတွေကိုဖုံး ကွယ်ပြီးအစ္စလာမ်မစ်စစ်သွေးကြွအစွမ်းရောက်တွေကို သနားစရာလူ့အခွင့်အ ရေးဆုံးရှုံးသူတွေအဖြစ်ပုံဖော်ကာကွယ်နေကြတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/460051056543064