ရခိုင်ပြည်တွင် လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေသည့် လူမျိုးရေး တင်းမာမှု အခြေအနေ မြင့်တက်ခဲ့ဟု OCHA Myanmar ထုတ်ပြန်

By Narinjara / 2024 May     24

ရခိုင်ပြည်တွင် လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေသည့် လူမျိုးရေး တင်းမာမှု အခြေအနေ မြင့်တက်ခဲ့သည်ဟု  မြန်မာနိုင်ငံ၊ ကုလလူသားချင်းစာမှုဆိုင်ရာအထောက်အကူပြုရုံး United Nations OCHA Myanmar က မေ ၂၃ ရက်တွင် ထုတ်ပြန်သည်။

United Nations OCHA Myanmar က ၂၀၂၄ ခုနှစ်၊ မေလ ၁၄ မှ  ၂၀ ရက်နေ့အထိ အာရှနှင့်ပစိဖိတ်ဒေသ – အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင် ရခိုင်အရေးအား ထည့်သွင်းထားခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်နဲ့ တပ်မတော်အပြင် အာဆာ စတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ ပဋိပက္ခဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်မှာ ပြင်းထန်ခဲ့ပြီး၊ မြို့လယ်မှာရှိတဲ့ အရေအတွက်အတိအကျအတည်မပြုနိုင်တဲ့ လူနေအိမ်များစွာ မီးလောင်ပြာကျခဲ့ရသလို လူမျိုးရေးတင်းမာတဲ့အခြေအနေတွေ မြင့်တက်ခဲ့ပါတယ်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလကစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် လူဦးရေ ၁၈၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း လည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

”မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ နေရပ်စွန့်ခွာတာ တွေဆက်ဖြစ်နေပြီး၊ အရပ်သား ပြည်သူကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာတွေလည်း ဆက်လက်မြင့်တက် လျက်ရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/858785586288572

Leave a Reply

Your email address will not be published.