ရက္ခိုင်ပြည်မြောက်ဖက်မြို့နယ်တိက ကျောင်း ဆရာ/ဆရာမအားလုံး  စစ်တွေသို့လာရဖို့လို့ စစ်ကောင်စီ ဆင့်ခေါ်

(မလာကေ ၃ လစာ ပြန်ပီးရဖို့လို့ဆို)

By Arakan Princess Media / 2024 May    26

စစ်ကောင်စီစွာ ​​ဒေဂု မေလအတွင်း ကျောင်းပြန်မဖွင့်ခင် ရက္ခိုင်ပြည်မြောက်ဖက်မြို့နယ်တိကကျောင်းဆရာ/ဆရာမအားလုံးကို စစ်တွေသို့လာရဖို့၊ မလာပါက ၃ လစာ ပြန်ပီးရဖို့လို့ စစ်တွေမြို့ခံ ဆရာ/ဆရာမတိက ပြောပါရေ။

“ရက္ခိုင်ပြည်မြောက်ဖက်က ကျောင်းဆရာ/ဆရာမတိအားလုံး ကျောင်းမဖွင့်ခင် မေလအတွင်းမာ  စစ်တွေကို အရောက်လာကတ်ရဖို့၊ မလာရေဝန်ထမ်းစွာ လစာ ၃ လစာ ပြန်သွင်းရဖို့လို့ ပညာရီးမှူးရုံးက ပြောပါရေ။ ဆရာ/ဆရာမတိလာကေ လမ်းဖွင့်ထားဖို့ဆိုပါရေ။ ယေပြီးကေ ဆရာ/ဆရာမတိစစ်တွေကို ရောက်စွာနန့် လမ်းတိအားလုံးပြန်ပိတ်ဖို့လို့လည်း သတင်းတိထွက်နီပါရေ” လို့ စစ်တွေမြို့ခံ ဆရာမတယောက်က ပြောပါရေ။

ပုဏ္ဏားကျွန်းမြို့နယ်က အထက်တန်းဆရာ တယောက်ကတော့ ” ရက္ခိုင်ပြည်က မြို့နယ်အများစု အေအေ သိမ်းထားဗျာယ်။ ဇာလုပ်ဖို့ ဆရာ၊ ဆရာမတိကိုခေါ်လေး။ စစ်တွေမြို့မာတိုက်ပွဲဖြစ်လာကေဒါးစာခံလုပ်ဖို့၊လူသားဒိုင်းကာလုပ်ဖို့ ခေါ်စွာပါ။ စစ်တွေကို ပြန်လာဖို့ စစ်ကောင်စီက လမ်းဖွင့်ပီးပြီးကေ၊ အဝင်စုံစွာနန့်အားလုံးပြန်ပိတ်ဖို့ သတင်းတိလည်းထွက်နီရေဆိုခါ ယင်းပိုင်ထောင်ချောက်ထဲကို လားလို့ဝင်ကေတော့ ကိုယ့်သီတွင်းကိုယ်တူးစွာနန့် တတူပါရာ” လို့ ပြောဆိုပါရေ။

ရက္ခိုင်ပြည်မာမြို့တိတခုပြီးတခုလက်လွှတ် ဆုံးယှုံးနီရေ စစ်ယှုံးစစ်ကောင်စီစွာ လက်ကျန်မြို့တိကို ခုခံကာကွယ်ဖို့ အင်အားမဟိခါ  လူမဆန်ရေနည်းလမ်းတိသုံးပြီးကေ လူမျိုးရီး၊ ဘာသာရီး သွီးခွဲမှုတိနန့် မူဆလင်တိကို အကြမ်းဖက်သင်တန်းပီးပနာ အသီခံတိုက်ခိုင်းနီရေပိုင် အဂုခါ ကျောင်းဆရာ/ဆရာမတိကိုပါ လူသားဒိုင်းကာအဖြစ် အသုံးချဖို့အကျပ်ကိုင်ခေါ်ဆောင်နီစွာ ဖြစ်ပါရေ။

https://www.facebook.com/arakanprincessmedia1/posts/473852421706384

Leave a Reply

Your email address will not be published.