By Border News Agency / 2024 May 2
အာရက္ခတပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ မွတ်ဆလင်ငါးသောင်းထိ စစ်သင်တန်းပေးဖို့ စီစဥ်ထား ပြီးသားဖြစ်တယ်လို့ စစ်ကောင်စီတပ်အရာရှိတချို့က အတည်ပြုပြောကြပါတယ်။
အာရက္ခဒေသအပါအဝင်တနိုင်ငံလုံးမှာအဖက်ဖက်ကရှုံးနိမ့်နေတဲ့အာဏာသိမ်းစစ်တပ်ဟာ လက်လွှတ်ဆုံး ရှုံးထားရတဲ့မြို့တွေအပါအဝင်ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတဲ့မြို့တွေအတွက်အထူးစီမံကိန်းရေးဆွဲပြင်ဆင်နေတာလို့ ဆိုကြပါတယ်။
အဲဒီအထဲမှာ အရေးတကြီးလိုအပ်နေတဲ့စစ်သည်အင်အားအတွက်မွတ်ဆလင်တွေကို အခြေခံစစ်ပညာသင် တန်းတွေပေးပြီး အာရက္ခတပ်တော်(AA)ကိုတိုက်ခိုက်ဖို့နဲ့လက်နက်ကိုင်လူမျိုးရေးပဋိပက္ခတွေ ဖန်းတီးဖို့ အဓိကရည်ရွယ်တာလို့ ဆိုကြပါတယ်။
”မောင်တောခရိုင်သီးသန့်မဟုတ်ဘူး။စစ်တွေခရိုင်ရော့သံတွဲခရိုင်မှာပါစစ်သင်တန်းတွေအဆက်မပြတ်ပေးနေတယ်။စစ်တပ်ကတပ်ဆုတ်ရရင်တောင်မွတ်ဆလင်တွေကိုလက်နက်တွေပေးခဲ့ပြီးလက်နက်ကိုင်ပဋိပက္ခဆက်ဖြစ်အောင်လုပ်ခဲ့မယ်။ဒါအတွက်ငါးသောင်းထိစစ်သင်တန်းပေးဖို့စီမံကိန်းရေးပြီလို့အကောင်အထည် ဖော်နေတာ။”လို့ ပြည်နယ်အဆင့်စစ်ကောင်စီတပ်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီအထဲမှာ မောင်တောခရိုင်ကမွတ်ဆလင်အင်အားနှစ်သောင်း၊စစ်တွေခရိုင်ကမွတ်ဆလင်အင်အားနှစ် သောင်းနဲ့သံတွဲခရိုင်ကတစ်သောင်းကို အခြေခံစစ် ပညာသင်တန်းတွေပေးပြီး လက်နက်တပ်ဆင်ကာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့အမည်နဲ့အကြမ်း ဖက်လုပ်ရပ်တွေမှာစေခိုင်းဖို့စီမံထားတာလို့ဆိုကြပါတယ်။
အဲဒီမွတ်ဆလင်အင်အားငါးသောင်းကိုဒီနှစ်အတွင်းမှာအပြီးသတ်စစ်သင်တန်းပေးဖို့စီစဥ်ထားပြီးသင်တန်း တကြိမ်မှာအနည်းဆုံးငါးထောင်ထိတက်ရောက်သင်ကြားပေးဖို့ညွှန်ကြားထားတယ်လို့လည်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိမှာမွတ်ဆလင်ငါးထောင်ထိစစ်သင် တန်းပေးထားပြီဖြစ်တယ်လို့ ကိုယ်တိုင်စစ်သင်တန်းတက်ရောက်ခဲ့သူတွေနဲ့စစ်ကောင်စီတပ်အသိုင်းအဝိုင်းကအတည်ပြုပြောကြပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သင်တန်းတက်ခိုင်းထားသူတွေအပါအဝင် ကိုယ်တိုင်စိတ်ပါဝင်တက်ရောက်ခဲ့သူတွေ၊မွတ်ဆလင်ဘာသာရေးဆရာတွေ၊စီးပွားရေးသမားတွေစည်းရုံးတက်ခိုင်းခဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
အဲဒီမွတ်ဆလင်ငါးထောင်ဟာစစ်သင်တန်းတက်ရောက်ပြီးစစ်ကောင်စီတပ်နဲ့အတူပူးပေါင်းလှုပ်ရှားနေကြတယ်လို့ ကိုယ်တိုင်စစ်သင်တန်းတက်ရောက်ခဲ့သူတွေနဲ့စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီလိုစစ်သင်တန်းတက်ရောက်ပြီးပူးပေါင်းပါဝင်ဆောင်ရွက်နေသူတွေဟာ အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေနဲ့ထိန်းချုပ်နယ်မြေတွေကလွှဲပြီးကျန်မြို့ပေါ်နေရာတွေမှာဖြစ်တယ်လို့ ဆိုကြပါတယ်။