မောင်တော သရီကုန်ဘောင်ကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်

By Border News Agency / 2024 May   19

(ဓာတ်ပုံ-စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်အပြီးကင်းချောင်းဘုန်းကြီးကျောင်း/ကင်းချောင်းဆရာတော်)

မောင်တောမြို့နယ်တောင်ဖက်ခြမ်းရှိ သရီကုန်ဘော င်ကျေးရွာကို မေလ ၁၉ရက်၊ဒီနေ့ ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သရီကု န်ဘောင်ကျေးရွာရှိ စာသင်ကျောင်းနဲ့ဘုန်းကြီး ကျောင်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုကြပါတယ်။

အဲဒါကြောင့်အရေအတွက်အတိအကျမသိရသေးပေမယ့် ထိခိုက်မှုတွေရှိနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

”လေယာဉ်နဲ့လာပစ်သွားတာပါ။နှစ်လုံးကျပါတယ်။စာသင်ကျောင်းခြံထံမှာတစ်လုံး၊ဘုန်းကြီးကျောင်းခြံထဲမှာတစ်လုံးကျပါတယ်။သေတာ၊ဒဏ်ရာရတာရှိနိုင်ပါတယ်။”လို့ မောင်တောဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီကျေးရွာရဲ့အရှေ့တောင်ဖက်တစ်မိုင်ကျော်အ ကွာခန့်မှာ စစ်ကောင်စီတပ်ရဲ့ မောရဝတီဗျူဟာတည်ရှိပြီး မောင်တောမြို့နယ်တောင်ဖက်ခြမ်းမှာ တပ တ်အတွင်းဒုတိယအကြိမ်လေကြောင်းတိုက်ခို က်ခံရတာဖြစ်ပါတယ်။

မောင်တောမြို့နယ်တောင်ဖက်ခြမ်းရှိကင်းချောင်းကျေးရွာဘုန်းကြီးကျောင်းကို မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့အရပ်သားလေးဦးသေဆုံးပြီး ခုနှစ်ဦးထိဒဏ် ရာရရှိခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဟာ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို အရပ် သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုကြပါတယ်။

”တိုင်ပွဲဖြစ်တာမဟုတ်ဘဲ ဘုန်းကြီး ကျောင်းတွေ၊အရပ်သားပြည်သူတွေကိုပဲပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ပြည်သူတွေကိုအငြိုးနဲ့လာပ်နေတာပါ။ဒါက အမုန်းတရားတွေနဲ့မကျေနပ်မှုသံ သရာကိုပိုတိုးလာစေနိုင်ပါတယ်။”လို့ အာရက္ခပြည်သူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီသရီကုန်ဘောင်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုတွေရဲ့အသေးစိတ်အချက်အလက်တွေကို Border News Agency က ဆက်လက်မေးမြန်နေပါတယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို အပြီးသတ်တို က်ခိုက်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီမောင်တောမြို့နယ်တောင်ဖက်ခြမ်းရှိစစ်ကောင်စီတပ်ရဲ့မောရဝတီဗျူဟာ၊အလယ်သံကျော်စခန်း၊မြင်းလွှတ်တပ်ရင်းနဲ့အင်းဒင်တပ်ရင်းတို့ကျန်နေသေးတယ်လို့ ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/470393775508792

Leave a Reply

Your email address will not be published.