မောင်တောမာ စစ်ကောင်စီလက်ကိုင်တုတ် မူဆလင်လက်နက်ကိုင်တိက မော်လဝီဆရာတိကို အတင်းအဓမ္မခေါ်ယူပနာ စစ်ကောင်စီအတွက် လူသစ်စုပီးရဖို့လို့ ခြိမ်းခြောက်

By Arakan Princess Media / 2024 May    24

ဒေရက်ပိုင်းအတွင်း စစ်ကောင်စီလက်ကိုင်တုတ် မူဆလင်တိစွာ မောင်တောမြို့ထက်ရပ်ကွက်တိက မော်လဝီ ဆရာတိကို အတင်းအဓမ္မခေါ်ယူပနာ စစ်ကောင်စီတပ်အတွက်စစ်သားသစ်စုဆောင်းပီးရဖို့လို့ ခြိမ်းခြောက် ဖိအားပီးနီကြောင်း သိရပါရေ။

မောင်တောမာ တရား၀င်မှတ်ပုံတင်ထားရေ ဗလီကျောင်း၄၆လုံးဟိပြီးကေ ဗလီကျောင်း တခုချင်းအလိုက် ကိုးကွယ်ရေရွာတိက မူဆလင်လူငယ်တိကို စုဆောင်းပီးရဖို့လို့ဆိုပါရေ။

မေ ၂၂ ရက်နန့် ၂၄ ရက်အတွင်း မောင်တောမြို့၊မြို့သူကြီး၊နခခ(၅)၌ အခြီပြုနီထိုင်ရေ စစ်ကောင်စီလက်ကိုင်တုတ် မူဆလင်လက်နက်ကိုင်တိစွာ မောင်တောမြို့၊ ရပ်ကွက်တိသို့ ၀င်ရောက်စီးနင်းပနာ မော်လ၀ီဆရာတိကို ခေါ်ယူပြီးကေ ဗလီတခုချင်းစီအလိုက် ကိုးကွယ်ရေရွာတိက ရွာတရွာကို မူဆလင်လူငယ်၃၀ကျစီစုဆောင်းပီးရဖို့လို့ ခြိမ်းခြောက် ပြောဆိုခ​ပါရေ။

မော်လဝီဆရာတိဖက်ကလည်း “စစ်သားစုဆောင်းပီးရေကိစ္စစွာ ဘာသာရီးနန့်မသက်ဆိုင်ရေ လုပ်ရပ်တိဖြစ်လို့ စုဆောင်းမပီးနိုင်ကြောင်း” ပြောကြားခ​ရေလို့ သိရပါရေ။

ယေခါ စစ်ကောင်စီလက်ကိုင်တုတ်မူဆလင်တိက “ဘာသာရီးနန့်မသက်ဆိုင်ကေလေ့ လူမျိုးရီးနန့်ဆိုင်ရေကိစ္စဖြစ်လို့ မဖြစ်မနီပီးရဖို့” လို့ ခြိမ်းခြောက်ပြောဆိုလားခကြောင်း သိရပါရေ။

ယင်း စစ်ကောင်စီလက်ကိုင်တုတ် မူဆလင်လက်နက်ကိုင်အဖွဲ့နန့်တတူ  အကြမ်းဖက် ARSA ၊ ARA ၊ RSO အဖွဲ့ဝင်တိလည်းပါလာရေလို့ မျက်မြင်

ဒေသခံတိက ပြောဆိုပါရေ။

https://www.facebook.com/arakanprincessmedia1/posts/472643108493982

Leave a Reply

Your email address will not be published.