မောင်တောမာ စစ်ကောင်စီနန့်၎င်းရို့၏လက်ကိုင်တုတ် မူဆလင် လက်နက်ကိုင်တိပူးပေါင်းပြီး ရက္ခိုင်၊ ဟိန္ဒူ နန့် မူဆလင်ဒေသခံ ပြည်သူ ၇၅ ယောက်ကို ဖမ်းဆီး

By Arakan Princess Media / 2024 May    27

မောင်တောမြို့နယ်မာ ဒေနိ (မေ ၂၇ ရက်နိ) မိုးထပိုင်းက စစ်ကောင်စီတပ်နန့် ၎င်းရို့၏ လက်ကိုင်တုတ် မူဆလင်လက်နက်ကိုင်တိ ပူးပေါင်းပနာ ရက္ခိုင်၊ ဟိန္ဒူ၊ မူဆလင် ပါဝင်ရေ ဒေသခံအပြစ်မဲ့ပြည်သူ ၇၅ ယောက်ကို မတရားဖမ်းဆီးလား​ရေလို့  သိရပါရေ။

ဒေနိ ၊မိုးထ ၇ နာရီအချိန်လောက်က မောင်တောမြို့၊ မြို့သူကြီး၊ နခခ(၅)မာ အခြီပြုထားရေ စကခ(၁၅)က စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ၎င်းရို့၏လက်ကိုင်တုတ် မူဆလင်လက်နက်ကိုင်တိ ပူးပေါင်း အင်အား ၁၀၀ လောက်စွာ မောင်တော မြို့နယ်၊ ဝိမလရွာနန့်မြို့ဦးရွာရို့ကို ဝရုန်းသုန်းကား စီးနင်းဝင်ရောက်ပြီးကေ ရက္ခိုင် ၅ ယောက်၊ ဟိန္ဒူ ၄၀ ယောက်နန့်မူဆလင် ၃၀ ယောက်ကို မတရား ဖမ်းဆီးလား​ရေလို့  ဒေသခံတိက ပြောပါရေ။

ယင်းနောက် ဖမ်းယူလားရေ အပြစ်မဲ့ပြည်သူတိကို  ဝိမလရွာဟိစာသင်ကျောင်းမာ ဖမ်းဆီးချုပ်နှောင်ထား​ရေလို့ ဆိုပါရေ။

ကုန်ခရေ မေ၂၆ ရက်နိ၊ ညည့် ၉ နာရီအချိန်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ၎င်းရို့၏ လက်ကိုင်တုတ် မူဆလင်လက်နက်ကိုင်တိ ပူးပေါင်းပနာ မောင်တောမြို့၊ မြို့မအရှိရပ်ကွက်၊ ဇောတိကာရုံပရဟိတဘုန်း ကြီးကျောင်းသို့ စီးနင်းဝင်ရောက်ပြီးကေ ယင်းကျောင်းအတွင်း စစ်ဖီးယှောင်နီကတ်တေ မောင်တောမြို့နယ်၊ အောင်သာယာရွာက စစ်ဖီးယှောင်ပြည်သူတိကိုတန်းစီစစ်ဆီးပြီး ပြည်သူတိ၏ ငွေကြေးနန့် ဖုန်းတိကိုလည်း အတင်းအဓမ္မ လုယူလားခပါသိမ့်ရေ။

https://www.facebook.com/arakanprincessmedia1/posts/474335318324761

Leave a Reply

Your email address will not be published.