မောင်တောတွင် ဟိန္ဒူအမျိုးသား ၁ဦးနှင့် ရက္ခိုင်အမျိုးသား ၁ဦးကို ARSA အကြမ်းဖက်အဖွဲ့ ဖမ်းဆီးသွား

By Arakan Bay News / 2024 May      3

ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ မောင်တောမြို့တွင် ဟိန္ဒူအမျိုးသား ၁ဦးနှင့် ရက္ခိုင်အမျိုးသား ၁ဦးကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ARSA အဖွဲ့မှ ဖမ်းဆီးသွားသူများမှာ မောင်တောမြို့၊ ရပ်ကွက် ၄မှ အဖဦးပေါ်ရှူရာမ်၏သား တော်ပေါန်(ဟိန္ဒူလူမျိုး) နှင့် ဝင်းထွန်း(ရက္ခိုင်လူမျိုး) နှစ်ဦးတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မောင်တောမြို့မှ အမျိုးသား ၂ဦးကို ARSA စစ်သွေးကြွအဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း မောင်တောမြို့ခ ၁ဦးက AB News သို့ ပြောသည်။

“ရွှေဇားနဲ့ ကျောက်လှေကား အကြား အနီးပတ်ဝန်းကျင်မှာ အမျိုးသား ၂ဦးကို ARSA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ မောင်တောမြို့ထဲက မင်္ဂလာကြီးရွာဖက်ကို ဆိုင်ကယ်တစ်စီးနဲ့ သွားစဉ်မှာ  ARSA အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာပါ” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့ ရပ်ကွက် ၄ ၌ ဆိုင်ကယ်အပိုပစ္စည်းများအား ရောင်းချနေသူများဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် မောင်တောမြို့မှ မြို့ခံများကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးနေသောကြောင့် အဆိုပါ ၂ဦးမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးလာရာတွင် ARSA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မိသားစုဝင်များမှာ လွန်စွာ စိုးရိမ်နေကြကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်နေ့တွင် မောင်တောမြို့နယ် တရိန်း ( မြို) ရွာမှ ဆယ်ကျော်သက်အရွယ် နွားကျောင်းသား အသက် ၁၃ နှစ်အရွယ် ၁ ဦး သတ်ဖြတ် အလောင်းဖျောက်ခံလိုက်ရသည်။

အဆိုပါ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်ခဲ့သည့် တရားခံအား ယခုအချိန်ထိ သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးပေ။

https://www.facebook.com/arakanbaynewsinfo/posts/122141909528180219

Leave a Reply

Your email address will not be published.