မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁ လုံးဖြစ်ပေါ်လာနိုင်ဟု သိရ

By Arakan Bay News / 2024 May      3

မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁ လုံးဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင်၂၀၂၄ မေလ ၁၀ရက်နေ့မှ ၂၀ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီး အိန္ဒိယအရှေ့ဖက်ကမ်းခြေဒေသများ ဘင်္ဂလားဒေ့ရှ် မြန်မာရက္ခိုင်ကမ်းရိုးတမ်းဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ်” ဟု မိုးလေဝသခန့်မှန်းသူ Su Su San ၏ Facebook Page တွင် ယမန်နေ့ မေလ ၂ရက်နေ့က ဖော်ပြထားသည်။

မေလအတွင်းမြန်မာနိုင်ငံအနှံ့တွင် အပူအချိန်များတစ်ရက်ပြီးတစ်ရက်မြင့်တက်လာကြောင်း တွေ့ရသည်။

ယနေ့တွင်လည်း ပလက်ဝနှင့် မြောက်ဦးမြို့နယ်တို့တွင် လေပြင်းများတိုက်ခတ်ခဲ့သည့် အတွက် အိမ်ခြေအချို့ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ရက္ခိုင်ပြည်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖျက်အားပြင်း အပူပိုင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသခံများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တွေ့ရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122141911472180219

Leave a Reply

Your email address will not be published.