ဘူးသီးတောင်မြို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲပစ်ခတ်နေ

By Border News Agency / 2024 May   18

(ဓာတ်ပုံ-ဘူးသီးတောင်မြို့နယ်မှာ အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့စစ်ကောင်စီတပ်ရင်းတစ်ခု/AA)

ဘူးသီးတောင်မြို့တွင်းမှာ မေလ ၁၈ ရက်၊ဒီနေ့မန က်ကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲပစ်ခတ်လို့ မြို့ပေါ်နေရာအများစုမီးလောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဘူးသီးတောင်မြို့ထဲသို့ အာရက္ခတပ်တော်(AA) က မေလ ၁၇ ရက်၊မနေ့ညကဝင်ရောက်လာပြီးနော က် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ဘင်္ဂလီလက်နက်ကိုင်တွေ၊ARSA၊RSO၊ARA ရိုဟင်ဂျာလက်နက်ကိုင်အ ကြမ်းဖက်သမားတွေဟာ မြို့ပေါ်လူနေအိမ်တွေ၊စာ သင်ကျောင်းတွေ၊ဆေးရုံတွေ၊ဗလီတွေနဲ့ဘုန်းကြီး

ကျောင်းတွေထဲကနေ ခုခံပစ်ခတ်လို့မြို့တွင်းတိုက်ပွဲပြင်းထန်နေတာလို့ ဆိုကြပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်ရဲ့လေယာဥ်တွေက ပေါင်တစ်ထောင်ဗုံးတွေကြဲချနေသလို အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ရင်းကလည်း မြို့ပေါ်နေရာအ နှံ့သို့လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာလို့ ဆိုကြပါတယ်။

”မနေ့ကတည်းက မြို့ပေါ်မှာပိတ်မိကျန်နေသူတွေကို အေအေကထွက်ခိုင်းပါတယ်။အများစုကတော့ ချ က်ချင်းထွက်ကြပါတယ်။ချောင်းတွေကိုကူးပြီးသွားကြပါတယ်။စစ်တပ်ကတော့ လက်နက်ကြီးရော့၊လေယာဥ်နဲ့ပါဆက်တိုင်းပစ်နေပါတယ်။မြို့ထဲမှာကအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အားပေးတွေပဲကျန်ခဲ့ပါတယ်။”လို့ ဘူးသီးတောင်မြို့ပေါ်မှထွက် ပြေးလာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီဘူးသီးတောင်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မီးသတ်ရုံး၊အခြေခံပညာအထက်တန်း ကျောင်းတွေ၊မြို့နယ်ပြည်သူ့ဆေးရုံး၊ဘုန်းကြီး

ကျောင်းတွေထဲကနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ဘင်္ဂလီလက်နက်ကိုင်တွေ၊ARSA၊RSO၊ARA ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်သမား

ထောင်ပေါင်းများစွာက ခုခံပစ်ခတ်နေကြတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကြဲ လို့မြို့ပေါ်နေ ရာတွေမှာမီးလောင်နေသလို အကြမ်းဖက်သမားတွေနဲ့အတူရှိနေသူတချို့ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိနေနိုင်တယ်လို့လည်း ထွက်ပြေးလာသူတွေက ဆိုကြပါတယ်။

အဲဒီဘူးသီးတောင်အကျဥ်းထောင်ကအကျဥ်းသားတွေအပါအဝင် ပြည်သူတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ဘင်္ဂလီလက်နက်ကိုင်တွေ၊ARSA၊RSO၊ARA ရိုဟင်ဂျာလက်နက်ကိုင်အကြမ်း ဖက်သမားထောင်ပေါင်းများစွာက လူသားဒိုင်းကာအဖြစ် ဓားစာခံပြုလုပ်ထားတယ်လို့ ဆိုကြပါတယ်။

”ပြည်သူအများစုကဘေးလွှတ်ရာသို့ထွ က်ပြေးလာခဲ့ကြပါတယ်။တချို့က တော့စစ်သားတွေ၊ကုလားတွေက ထွက်ပြေးလို့မရအောင်ဝိုင်းထားကြတော့ ပိ တ်မိကျန်နေခဲ့ပါတယ်။စစ်တပ်ကလေယာဥ်နဲ့ဗုံးတွေချနေလိုပိတ်မိနေသူတွေသေတာတွေလည်းရှိနိုင်ပါတယ်။”လို့ကုလားပန်းဇင်းချောင်းကိုဖြတ်ကူးထွ က်ပြေးခါသူအမျိုးသမီးတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီဘူးသီးတောင်မြို့အရှေ့ဖက်ရှိစစ်ကောင်စီတပ်ရဲ့အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနော က်စစ်ကောင်စီတပ်ကမြို့အတွက်အရေးကြီးဆုံးတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။

အဲဒီအပြင်မြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့ဟိန္ဒူ၊မြို၊ခမီ၊ဒိုင်းနက်၊ရခိုင်လူမျိုးတွေကိုလည်း လူသားဒိုင်းကာအဖြစ် ဓား စာခံပြုလုပ်ဖမ်းဆီးထားသလို ထွ က်လမ်းတွေကိုလည်း မြေမြုပ်မိုင်းတွေထောင်ထားကြတယ်လို့ ဆိုကြပါတယ်။

အဲဒီဘူးသီးတောင်မြို့ပေါ်မှာမိတ်မိကျန်နေသူတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေသို့ထွက် ပြေးလာကြသလို မယူတောင်ကိုကျော်ပြီး မောင်တောမြို့နယ်ဖက်သို့ ထွက်ပြေးလာကြသူတွေလ ည်းရှိနေကြတယ်လို့ ထွက်ပြေးလာခဲ့ကြသူတွေက ဆိုကြပါတယ်။

အဲဒီဘူးသီးတောင်အခြေစိုက်၊အမှတ် ၃၅၃ ခြေမြန် တပ်ရင်းမှာ စစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့ကလေးငယ်တွေအပါအဝင် မူဆလင် ၃၅ ဦးကိုအာရက္ခတပ်တော်မှကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/bordernewsagency/posts/469773335570836

Leave a Reply

Your email address will not be published.