ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဦးကို ARSA အဖွဲ့ ပြန်ပေးဆွဲ

By Arakan Bay News / 2024 May      19

ဘင်္ဂလားဒေ့နိုင်ငံ၊ နတ်မြစ်ကမ်းခြေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒေသခံ ဒိုင်းနက်လူမျိုး ၂ ဦးကို ARSAအဖွဲ့က ပြန်ပေးဆွဲယူသွားကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာ တစ်ခုဖြစ်သည့် Prothom Alo တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယမန်​နေ့ မေလ ၁၈ရက်၊ ည ၉ နာရီထိတိုင် ပြန်ပေးဆွဲခံရသူ ၂ ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

၎င်းတို့မှာ ဝါးခွတ်ချောင်း၊ ဒိုင်းနက်ရွာမှ ဦးစိန်သာ၏သား ဦးရွှေလှမောင် အသက် ၄၄နှစ်နှင့် ဦးစိန်သာ၏မြေး ဦးကျော်မောင်ထွန်းအေး ၃၄ နှစ်တို့ ဖြစ်သည်။

မေလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် နတ်မြစ်ကမ်းခြေတွင် ဂဏန်းဖမ်းရန် သွားချိန်တွင် ARSA  အဖွဲ့ဝင် ၁၉ ဦးသည် လက်နက်များနှင့်အတူ ဝါးခွတ်ချောင်းရွာမှ ရွာသား ၂ဦးကို ဖမ်းဆီးပြီး မြန်မာနိုင်ငံဖက်ခြမ်းသို့ ယူဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

ယမန်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို မိသားစုဝင်များက တိုင်ကြားထားခဲ့ကြောင်း သိရသည်။

“ရဲနှင့် BGP များထံမှ အကူအညီရရန် တောင်းဆိုထားပါတယ်” ဟု မိသားစုဝင်များက ဆိုသည်။

တက္ကနာဖ် ရဲရုံးတာဝန်ခံ အိုစီ မူဟာမတ်အိုစမာဂေါ်နီက “ပျောက်ဆုံးနေကြောင်း တိုင်ကြားစာ ကျနော်တို့ ရရှိထားပြီးဖြစ်ပါတယ်။ ဒီအကြောင်းကို အထက်သို့ အစီရင်ခံ တင်ပြပေးသွားမှာပါ” ဟုပြောထားသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်နေ့တွင်  (ARSA) အကြမ်းဖက်အဖွဲ့မှ တပ်မှူး ၂ဦးကို  အလျင်​မြန်လှုပ်ရှားမှုတပ်ရင်း(RAB) မှ လက်ရ ဖမ်းဆီးခဲ့သည်။

ARSA အကြမ်းဖက်အဖွဲ့သည် ရက္ခိုင်-ဘင်္ဂလာနယ်စပ်တစ်လျှောက်တွင် လှုပ်ရှားလျက်ရှိပြီး ရက္ခိုင်မှ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

https://www.facebook.com/arakanbaynewsinfo/posts/122145127712180219

Leave a Reply

Your email address will not be published.