ပလက်ဝပြည်သူများကို AA က စားနပ်ရိက္ခာနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့

By Western News / 2024 May     2

ပလက်ဝမြို့နယ် ဒေသခံပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားနပ်ရိက္ခာနှင့် တကိုယ်ရည်သုံးပစ္စည်းများကို ဧပြီလအတွင်းက ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အာရက္ခတပ်တော် AA သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေးရုံး HDCO က တစ်ဆင့် ပလက်ပြည်သူများကို ထောက်ပံ့ခဲ့ကြောင်း ယနေ့ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလ ၁ ရက်နေ့က ပလက်ဝဒေသက ပလက်ချောင်းထဲမှာရှိသော ဝီကျေးရွာ၊ အောက်ဘောင်ဝီကျေးရွာက သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါချွတ်ယွင်းနေသူများအပါအဝင် ဒေသခံပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း HDCO က ပြောသည်။

ယင်းအပြင် ဧပြီလ ၂၅ ရက်နေ့တွင်လည်း ကြဥဝကျေးရွာ၊ ပလက်ချောင်းကျေးရွာက စစ်ဘေးရှောင် အိမ်ထောင်စု ၇၀ အတွက် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်ပြီး သက်ကြီးရွယ်အိုများနှင့် စားနပ်ရက္ခာလိုအပ်နေသူများအတွက် အိမ်ထောင်စု ၄၁ စုအတွက် ဆန်အိတ် ၂၀ ကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယခင်လည်း ပလက်ဝပြည်သူများကို ငွေထောက်ပံ့ခြင်း၊ ဆန်ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို AA က ပြုလုပ်ခဲ့သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/887390666733694

Leave a Reply

Your email address will not be published.