ပလက်ဝဒေသ၊ တရွန်အိုင်ရွာသို့ စစ်ကောင်စီက လေကြောင်းဖြင့် ၃ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

By Arakan Bay News / 2024 May      21

အာရက္ခတပ်တော် သိမ်းပိုက်ရရှိထားသည့် ပလက်ဝဒေသအတွင်းရှိတရွန်အိုင်ရွာကို  အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယနေ့ မေလ ၂၁ရက်၊ ညနေ ၄နာရီ၊ ၄၆မိနစ်အချိန်တွင် တိုက်လေယာဉ်ဖြင့် ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၂ဦး သေဆုံးပြီး ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း တရွန်အိုင်ရွာမှ ရွာသား ၂ဦး သေဆုံးခဲ့ပြီး ၃ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 စစ်ကောင်စီအဖွဲ့သည် တရွန်အိုင်ကျေးရွာအနီး ပတ်ဝန်းကျင်ကို ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပလက်ဝဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“ဒီနေ့ ညနေ မှာ တရွန်အိုင်ရွာရဲ့ အနီးပတ်ဝန်းကျင်ကို ဒုံးကျည် ၃လုံး ပစ်ခတ်ခဲ့ပါတယ်။ ၄နာရီ ၅၂မိနစ်မှာ နောက် ၁လုံး ပစ်ခတ်ပါတယ်။ ၆နာရီခန့် အချိန်မှာ ဗုံး ၃လုံး ကြဲချခဲ့ပါတယ်။ ရွာထဲမှာတော့ သေဆုံးဒဏ်ရာရတာတွေ ရှိပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ဗုံးကြဲချ ပစ်ခတ်ခဲ့သောကြောင့် တရွန်အိုင်ဈေးတန်းအထက်ပိုင်းမှ ဈေးဆိုင်များ မီးလောင်ကျွမ်းခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများနေထိုင်သည့် မြို့၊ ရွာများသို့ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးနေကြရသည်ကိုတွေ့ရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122145679940180219

Leave a Reply

Your email address will not be published.