တရုတ်ဆွေးနွေးပွဲအပြီး နောက်ထပ်တစ်မြို့ကို အာရက္ခတပ်တော်သိမ်းပြ

By Border News Agency / 2024 May   18

(ဓာတ်ပုံ-အာရက္ခတပ်တော်ကူညီဆောင်ရွက်ပေးနေတဲ့ဘူးသီးတောင်မြို့နယ်ကမွတ်ဆလင်တချို့/AA)

အာရက္ခတပ်တော်(AA)နဲ့အာဏာသိမ်းစစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ မေလ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ အာရက္ခတပ်တော်က နောက်ထပ်မြို့တစ်မြို့ကိုသိမ်းပြလိုက်တာလို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။

အဲဒါဟာ စစ်ကောင်စီတပ်ကို စစ်ရေး၊နိုင်ငံရေးအရထိုးနှက်ပြလိုက်တာဖြစ်သ လို တရုတ်အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း အာရက္ခတပ်တော်ရဲ့စွမ်းဆောင်ရည်ကိုပြလိုက်တာလို့ ဆိုကြပါတယ်။

ဒီလိုမျိုးမြို့သိမ်းနိုင်တာဟာ တိုက်ဆိုင်မှုလည်းဖြစ်နိုင်ပေမယ့် တပ်ရင်းဌာနချုပ်တွေအပါအဝင်တပ်အင်အားများပြီး နယ်စပ်အရေးနဲ့သံတမန်ရေးအရအရေးပါတယ်လို့ ဆိုကြပါတယ်။

”စစ်တပ်ဖက်က တင်းမာမှုကိုမြို့သိမ်းပြပြန်တင်းလိုက်တာပါပဲ။နောက်ပြီးနိုင် ငံရေးအရလည်းအနိုင်ယူလိုက်တာပါပဲ ။စစ်တပ်နဲ့တရုတ်အပါအဝင်ကုလ သမဂ္ဂရော့နိုင်ငံတကာကိုပါအလုပ်နဲ့သက်သေပြလိုက်တာပါပဲ။”လို့ နိုင်ငံရေးအကဲခ တ်တစ်ဦးကBorder News Agency သို့ပြောပါတယ်။

အဲဒီဆွေးနွေးပွဲသို့ အာရက္ခတပ်တော်(AA)က ဒုတိယစစ်ဦးစီးချုပ်၊ဒေါက်တာညိုထွန်းအောင်တက်ရောက်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကစစ်ဥပဒေချုပ်၊ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်တို့ တက်ရောက်ခဲ့ကြပေမယ့် ဆွေးနွေးမှုအဆင်မပြေဘဲ နှစ်ဖက်တင်းမာမှုတွေပိုမြှင့်လာစေခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ”အာရက္ခပြည်သူတွေကိုပစ်မှတ်ထားမတိုက်ခိုက်ဖို့နဲ့စစ်ကောင်စီတပ်အားလုံး အာရက္ခဒေသကအပြီးထွက်သွားကြဖို့”အာရက္ခတပ်တော်ဘက်က တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်စစ်ကောင်စီတပ်ကလက်ခံဆွေးနွေးခွင့်မပြုသလို ”ဒို့တာဝန်အရေးသုံးပါးနဲ့၂၀၀၈ ဖွဲ့စည်းပုံကိုလိုက်နာဖို့”ဆွေးနွေးချက်တင်လာတာမို့ ပျက်သွား

ခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီဘူးသီးတောင်မြို့ပေါ်မှာ စစ်ကောင်စီဖိအားပေးမှုတွေအပါအဝင် မွတ်ဆ လင်ရာပေါင်းများစွာက ”အေအေအလိုမရှိ”ဆန္ဒပြခဲ့ကြသလို ကုလသမဂ္ဂအ ပါ အဝင်လူအခွင့်အရေးလှုပ်ရှားသူအမည်ခံအဖွဲ့တချို့၊လူတချို့က လူမျိုးရေး၊ဘာသာရေးပဋိပက္ခကိုဦးတည်ခဲ့ကြပေမယ့် အာရက္ခတပ်တော်က ဖြေရှင်းသိမ်းယူနိုင်ခဲ့တာလို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။

”ဘူးသီးတောင်ကိုအေအေကသိမ်းပြလိုက်တာဟာ ကမ္ဘာကိုကိုင်လှုပ်ပြလိုက်တာပါပဲ။ကမ္ဘာကမဖြေရှင်းမကိုင်တွယ်နိုင်သေးတဲ့ရိုဟင်ဂျာပြဿနာကို အေအေက ကိုင်တွယ်လိုက်တာပါပဲ။အေအေသိမ်းလိုက်ရင်လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေမဖြစ်နိုင်တော့ပါဘူး။”လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီဘူးသီးတောင်မြို့နယ်ဟာ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်မှာပါဝင်ပြီး မွတ်ဆလင်အများစုနေထိုင်ရာမြို့ဖြစ်သလို ဟိန္ဒူ၊မြို၊သက်၊ဒိုင်းနက်၊ခမီ၊ရခိုင်လူမျိုးတွေလည်းရှိနေကာ ရခိုင်နဲ့မွတ်ဆလင်တွေကိုကြား လူ မျိုးရေး၊ဘာသာရေးပဋိပက္ခတွေဖြစ်လာဖို့ စိုးရိမ်နေခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့၊ဘူးသီးတောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင်မောင်တောခရိုင်တခုလုံးကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေ၊တပ်ရင်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပါတယ်။

နောက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အပြင် သံတွဲ၊တောင်ကုတ်၊ကျောက်ဖြူမြို့တွေကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ဖို့

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

https://www.facebook.com/bordernewsagency/posts/469934198888083

Leave a Reply

Your email address will not be published.