By Arakan Princess Media / 2024 May 18
ကျောက်ဖြူမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုကို အသက်အန္တ ရာယ်ထိခိုက်စီဖို့ ရည်ရွယ်ချက်ဟိဟိ မိုင်းထောင်လျက်ဟိရာ မေ ၁၇ရက်နိ၊ မိုးထကလည်း ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်အတွင်း လူလားလမ်းတချို့မာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နန့် ရဲတပ်ဖွဲ့ဝင်တိ ပူးပေါင်းပနာ မိုင်းလိုက်ထောင်နီရေလို့ သိရပါရေ။
မေ ၁၇ရက်နိ၊ မိုးထ၁၀နာရီ ၅မိနစ်လောက်က စစ်ကားတစီးနန့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နန့်အမှတ်(၃၂)ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၃၀ လောက်စွာ ကျောက်ဖြူမြို့၊ဂုံးချွိန်တိုက်နယ်၊မလကျွန်းရွာဦးစေတီတောင်အောက်သို့ ရောက်ဟိလာပါရေ။
ယင်းနောက် မလကျွန်းရွာအောက်ဖက်ဟိ ဒိုးရီချောင်းအနားဝန်းကျင်နန့်အင်းကယ်ပြင်အနားမာ အဖွဲ့နှစ်ဖွဲ့ ခွဲပနာ မိုင်းတိကို ပတ်ပတ်လည် ထောင်နီရေလို့ မျက်မြင်ဒေသခံတိက အခိုင်အမာပြောပါရေ။
ယင်းအပြင် အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ရွာထဲမာလည်း မိုင်းတလုံး ထောင်ထားခရေလို့ ဒေသခံတိက ဆိုပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာန ချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့် မြို့တိ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိနီထိုင်ရေ မြို့၊ရပ်ရွာတိမာ မိုင်းထောင်စွာတိကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာရေအတွက် ပြည်သူရို့အနီနန့် အထူးသတိပြု စောင့်ကြည့်ဖို့နန့် အထူးသတိထားလားလာကတ်ဖို့လည်း အာရက္ခတပ်တော်(AA)ကအကြိမ်ကြိမ်တိုက်တွန်းပြောဆိုထားပါရေ။
https://www.facebook.com/arakanprincessmedia1/posts/468982942193332