ရခိုင်က မွတ်ဆလင်လူမျိုးငါးထောင်ထိ စစ်ကောင် စီတပ်မှ စစ်သင်တန်းပေးထား

By Border News Agency / 2024 April   27

ရခိုင်က မွတ်ဆလင်ငါးထောင်ထိ စစ်ကောင်စီတပ်မှစစ်သင်တန်းပေးထားပြီဖြစ်တယ်လို့ ကိုယ်တိုင်စစ် သင်တန်းတက်ရောက်ခဲ့သူတွေနဲ့စစ်ကောင်စီတပ်အ သိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအထဲမှာ စစ်ကောင်စီတပ်က အတင်းအဓမ္မစစ် သင်တန်းတက်ခိုင်းထားသူတွေအပါအဝင် ကိုယ်တို င်စိတ်ပါဝင်တက်ရောက်ခဲ့သူတွေ၊မွတ်ဆလင်ဘာ သာရေးဆရာတွေ၊စီးပွားရေးသမားတွေစည်းရုံးတ က်ခိုင်းခဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။

အဲဒီမွတ်ဆလင်ငါးထောင်ဟာ စစ်သင်တန်းတက်ရောက်ပြီးစစ်ကောင်စီတပ်နဲ့အတူပူးပေါင်းလှုပ်ရှားနေကြတယ်လို့ ကိုယ်တိုင်စစ်သင်တန်းတက်ရောက်ခဲ့သူတွေနဲ့စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီလိုစစ်သင်တန်းတက်ရောက်ပြီးပူးပေါင်းပါဝင်ဆောင်ရွက်နေသူတွေဟာ အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေနဲ့ထိန်းချုပ်နယ် မြေတွေကလွှဲပြီးကျန်မြို့ပေါ်နေရာတွေမှာဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီအထဲမှာ စစ်တွေမြို့နယ်က မွတ်ဆလင်နှစ်ထော င်ခန့်၊မောင်တောခရိုင်ကလူနှစ်ထောင်ခန့်ဖြစ်သလိုသံတွဲ၊ကျောက်ဖြူမြို့နယ်တွေကလည်းပါဝင်တယ်လို့ ဆိုကြပါတယ်။

”စစ်သင်တန်းမတက်ရင် အေအေတွေကရွာတွေကိုဝင်လာမယ်။ပြီးရင်နေအိမ်တွေကိုမီးတိုက်ကြမယ်။ရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်သွားမယ်။ဒါကြောင့်ရွာတိုင်းကမတက်မနေရတက်ကြရတာပါ။”လို့ ဘူးသီးတောင်မြို့ပေါ်မှစစ်သင်တန်းတက်ပြီးထွက်ပြေးလာသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီအထဲမှာဘူးသီးတောင်မြို့နယ်က မွတ်ဆလင်တစ်ထောင်ခန့်ကို ဘူးသီးတောင်မြို့နယ်၊ငကျည် တောက်ကျေးရွာရှိအမှတ် ၅၃၅ ခြေမြန်တပ်ရင်းမှာ

သင်တန်းပေးခဲ့တာဖြစ်သလို စစ်တွေမြို့နယ်က မွ တ်ဆလင်တွေကို စစ်တွေမြို့၊​​ဒေသကွပ်ကွဲမှုစစ်ဌာနဌာနချုပ်ရှိလျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ခွဲထဲမှာစစ်သင်တန်ပေးခဲ့တာလို့ ကိုယ်တိုင်တက်ရောက်ခဲ့သူတွေနဲ့စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီမွတ်ဆလင်တွေဟာ မိမိကျေးရွာတွေကို ကာကွယ်ဖို့အတွက်ဆိုပြီးစစ်သင်တန်းနှစ်ပတ်တက်ခိုင်းကာ ရှေ့တန်းစစ်မြေပြင်တွေသို့အတင်းအဓမ္မစေလွှ တ်သလိုမြို့ပေါ်မှာအကြမ်းဖက်မှုတွေပြု လုပ်ဖို့စေ ခိုင်းခံနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကပြန်လည်ဝင်ရောက်လာတဲ့ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတစ်ထောင်ခန့်ဟာလည်း မောင်တောခရိုင်မှာအကြ မ်းဖက်မှုတွေပြုလုပ်နေကြတယ်လို့ မောင်တောခရိုင်နေမွတ်ဆလင်တွေက ဆိုကြပါတယ်။

”ဘူးသီးတောင်၊မောင်တောမှာ အကြမ်းဖက်မှုတွေပြုလုပ်နေကြတာဟာ မြို့ပေါ်ကမွတ်ဆလင်တွေမပါပါဘူး။ပါရင်လည်းစစ်တပ်လူတွေ၊မူးယစ်ဆေး ဝါးလုပ်နေသူတွေပဲပါမှာ။အများစုက ဘင်္ဂလားဖက်ကပြန်ဝင်လာကြတဲ့အကြမ်းဖက်သမားတွေပါ။”လို့ မောင်တောမြို့နေမွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီလိုခိုဝင်လာတဲ့အကြမ်းဖက်သမားတွေဟာ မော င်တောမြို့နယ်မြောက်ဖက်ကျေးရွာတွေကတဆင့်ပြန်ဝင်လာတာများသလို မောင်တောမြို့အနီးရှိ မော င်နီရွာသို့ပြန်ဝင်လာပြီး မြို့ပေါ်နေ ရာတွေဆီဖြန့်ခွဲသွားရောက်လှုပ်ရှားနေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိ မ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်က ရခိုင်တပြ ည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလို ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလို က်ဒုံးတွေအပြင် ကြေးရေလေပူးပေါင်းပစ်ခတ်ခုခံနေပေမယ့် အာရက္ခတပ်တော် (AA)က တမြို့ပြီးတမြို့တိုက်ခိုက်သိမ်းယူနေပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွ န်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက်ခို က်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင်မောင်တောခရိုင်တခုလုံးကိုလည်း အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်တော၊ဘူးသီးတောင်မြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေ၊တပ် ရင်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူနေပါတယ်။

အဲဒါကြောင့် စစ်ရှုံးအကြမ်းဖက်ဖက်ဆစ်စစ်ကောင် စီဟာ အာရက္ခဒေသမှာမတူညီတဲ့လူ့အဖွဲ့အစည်းတွေကြား ဘာသာရေး၊လူမျိုးရေးပဋိပက္ခတွေ ဖြစ် ပွားလာစေဖို့ကြိုးစားနေတယ်လို့ အာရက္ခပြည်သူ့အစိုးရက ဆိုပါတယ်။

အဲဒီအပြင် မူဆလင်လူမျိုးတွေကို စစ်သင်တန်းပေးပြီး တိုက်ပွဲတွေမှာ အသုံးပြုနေတာ၊မူဆလင်အကြ မ်းဖက်အဖွဲ့တွေကို လက်နက်တွေတပ်ဆင်ပေးပြီးလူ မျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိဖန် တီးလုပ်ဆောင်နေတာကို ထင်ရှားစွာတွေ့မြင်နေရတယ်လို့ အာရက္ခပြည်သူ့အစိုးရကဆိုပါတယ်။

https://www.facebook.com/bordernewsagency/posts/456847553530081

Leave a Reply

Your email address will not be published.