ဘူးသီးတောင်အခြီစိုက် ခမရ(၅၆၄)ကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်

By Arakan Princess Media / 2024 April    5

အကြမ်းဖက် စစ်ကောင်စီ၏ ဘူးသီးတောင်အခြီစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီ ၅ ရက်နိ၊ မိုးထ ၈ နာရီအချိန်မာ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်ပါရေ။

ထုတ်ပြန်ချက်မာ “ဘူးသီးတောင်အခြီစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ မိုးထ (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တခုလုံးအား အပြီးသတ် သိမ်း ပိုက်ရဟိထားပြီးဖြစ်သည်” လို့ဖော်ပြထားပါရေ။

ယင်းစခန်းကို ဧပြီ ၁ ရက်နိကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ၊ ဧပြီ ၅ ရက်၊ မိုးထ ၈ နာရီအချိန်မာ တပ်ရင်းဌာနချုပ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခစွာလို့ ဆိုပါရေ။

စစ်ကောင်စီအနီနန့်  ၎င်းရို့၏ စစ်ရီးအရအရေးပါရေ ခမရ (၅၆၄) စခန်းကို ကြည်းတပ်၊လီတပ်ရို့နန့် အသည်း အသန် ပူးပေါင်းခုခံကာကွယ်နီခကေလေ့ ရက္ခိုင့်တပ်တော်၏ ဗျုဟာမြောက်ထိုးစစ်ကို ဇာပိုင်မှ ယှဉ်နိုင်ခြင်းမဟိဘဲ (၅) ရက်အကြာမာရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခရပါရေ။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ (၈၀) ကျော်ကို သုတ်သင်ယှင်းလင်းနိုင်ခပြီးကေ၊ ရက္ခိုင့်တပ်တော် ဖက်ကလည်း ထိုက်သင့်ရေပီးဆပ်မှု၊ ရင်းနှီးမှုတိနန့် ရယူသိမ်းပိုက်နိုင်ခစွာဖြစ်ပါရေ။ ယင်း (၅)ရက်ကြာ ခမရ (၅၆၄) တပ်ရင်း ဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း ပီးဆပ်စွန့်လွှတ်ခရေ အာရက္ခစစ်သည်တော်ရို့ကို ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်က လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

တိုက်ပွဲအတွင်းမာ ရန်သူ့အလောင်းများစွာနန့်လက်နက်ခဲယမ်းတိ၊စစ်အသုံးအဆောင်ပစ္စည်းတိအများအပြားကို သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။

ရက္ခိုင့်တပ်တော်အနီနန့် မာ့ချ် ၂၅ ရက်နိ၊ မွန်းတည့် (၁၂) နာရီအချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြီစိုက် ခမရ (၅၅၂) တပ်ရင်းကို ရန်သူ၏ ကြည်းတပ်၊ လီတပ်တိပေါင်းပနာ အပြင်းအထန်ခုခံနီရေကြားက ရက်ပေါင်း (၃၂) ရက်အကြာမာ အပြီးသတ်သိမ်းပိုက်ခရေပိုင်၊ မာ့ချ် ၂၅ ရက်နိမာလည်း ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကို ထပ်မံသိမ်းပိုက်ရဟိခပါရေ။

အလားတူ မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ရီးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရေလို့ ဖော်ပြထားပါရေ။

ရက္ခိုင့်တပ်တော်စွာ ၂၀၂၄ ဧပြီလအတွင်းသတ်မှတ်ထားကေ စစ်ဆင်ရီးပစ်မှတ်တိကို တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရေပိုင်၊ ရက္ခိုင့်တပ်တော်အနီနန့် ရက္ခိုင်ဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ရီးအတွက် လက်နက်ချအညံ့မခံသိမ့်ရေ  အကြမ်းဖက်စစ်ကောင်စီ၏စစ်စခန်းတိကို တခုပြီးတခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားချက်အရ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/444022578022702

Leave a Reply

Your email address will not be published.