ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရက္ခိုင်မျိုးနွယ်စုဝင်များအပါအဝင် ရက္ခိုင်ကျောင်းသား၊ ကျောင်းသူများ သင်္ကြန်ကာလ ဘုရားရေသပ္ပါယ် ဓာတ်ပုံသတင်း

By Arakan Bay News / 2024 April      13

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရက္ခိုင်မျိုးနွယ်စုဝင် သက်၊ မြိုအပါအဝင်  ရက္ခိုင်ကျောင်းသား၊ ကျောင်းသူများ သင်္ကြန်ကာလအတွင်း ဘုရားရေသပ္ပါယ်ရေးကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင့် သိရသည်။

ရက္ခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ရေးကို  ယနေ့ နံနက် ၈ နာရီကျော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရက္ခိုင်မျိုးနွယ်စုဝင်များ နှင့် ရက္ခိုင်ကျောင်းသူ/ ကျောင်းသားများသည် စုဝေးနံသာသွေး၊ မင်္ဂလာစည်တော်တို့ဖြင့် မြို့ပတ်ပြီး ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ရေသပ္ပါယ်ခဲ့ကြောင်း သိရသည်။

ရက္ခိုင် ရိုးရာစဥ်လာအရ ဘုရားရေသပ္ပါယ်ရေးကို ရက္ခိုင်ရှိ မြို့နယ်များတွင် နှစ်စဥ်နှစ်တိုင်း ကျင်းပနိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လက်နက်ကြီးရန်ကြောင့် ယခုနှစ် သင်္ကြန်ကို ပွဲတော်ကို ရက္ခိုင်တွင်ကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122137356614180219

Leave a Reply

Your email address will not be published.