တောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်မယ်

By Border News Agency / 2024 April   12

(ဓာတ်ပုံ-အာရက္ခဒေသမှာတာဝန်ထမ်းဆောင်နေကြတဲ့ အာရက္ခစစ်သည်တော်တွေ/BNA)

တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ ဧပြီလ ၁၂ ရ က်၊ဒီနေ့ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ”အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခို က်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလို ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေအပြင် ကြေးရေလေပူးပေါင်းပစ်ခတ်ခုခံနေပေမယ့် အာရက္ခတပ်တော် (AA)က တမြို့ပြီးတမြို့တိုက်ခိုက်သိမ်းယူနေပါတယ်။

အာရက္ခဒေသမှာ စစ်ကောင်စီတပ်ရဲ့စစ်ဆင်ရေးကွ ပ်ကွဲမှုဌာနချုပ်တွေအဖြစ် အမှတ် ၅ ၊အမှတ် ၉၊အမှတ် ၁၅တို့တည်ရှိပြီး အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တခုလုံးကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သလို အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတွေကိုလည်း တိုက်ခိုက်သိမ်းယူနေပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော် (AA) က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင်မောင်တောခရိုင်တခုလုံးကိုလည်း အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်တော၊ဘူးသီးတောင်မြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေ၊တပ်ရ င်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပါတယ်။

အာရက္ခဒေသရှိ စစ်ကောင်စီတပ်ရင်း၊တပ်မ၊စစ်ဌာနချုပ်အားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်ပြီး အာရက္ခဒေသရှိ စစ်ကောင်စီတပ်လက်နက်ကိုင်အားလုံး အမြန်ဆုံးလက်နက်ချအညံ့ခံကြဖို့ အာရက္ခတပ်တော်က ထပ်မံအသိပေးထားပါတယ်။

https://www.facebook.com/bordernewsagency/posts/448171741064329

Leave a Reply

Your email address will not be published.