ကျောက်ဖြူမာ အကြမ်းဖက်စစ်​ကောင်စီနေဗီက လူနီရပ်ရွာတိကိုလက်နက်ကြီးနန့် အဆက်မပြတ် ပစ်ခတ်

By Arakan Princess Media / 2024 April    18

အကြမ်းဖက်စစ်ကောင်စီစွာ ကျောက်ဖြူမြို့နယ်အတွင်းက လူနီရပ်ရွာတိကို လီကြောင်း၊ ရီကြောင်းကနီ လက်နက်ကြီးတိနန့် နိစဉ်ရက်ဆက် ပစ်ခတ်လျက်ဟိရာ ဒေနိ ဧပြီ ၁၈ရက်နိမာ ဇင်ချောင်းတိုက်နယ်၊ ဘောလန်တောင်အောက် ဇင်ချောင်းပင်လယ်ပြင်မာ တန့်ထားရေ အကြမ်းဖက်စစ်ကောင်စီ၏ (F-23) တိုက်ခိုက်ရီးသင်္ဘောက အပါးဟပ်စပ်ရပ်ရွာတိကို လက်နက်ကြီးတိနန့် အဆက်မပြတ် ပစ်ခတ်ခရေလို့ သိရပါရေ။

ဒေနိ နိခင်း ၁ နာရီ ၁၅ မိနစ်ကနီ ၁ နာရီ ၃၇ မိနစ်အချိန်ထိ အကြမ်းဖက်စစ်ကောင်စီ၏ ယင်း (F-23) တိုက်ခိုက်ရီးသင်္ဘောကနီ ဇင်ချောင်းရွာနန့် အပါးဟပ်စပ်ကို လက်နက်ကြီး (၉) ကြိမ်တိတိ တရစပ် ပစ်ခတ်ခရေလို့ ဒေသခံတိကပြောပါရေ။

ယင်းလက်နက်ကြီးကျည်တိစွာ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘောင်ကြီးရွာနန့် မင်းရပ်ရွာကြား လယ်ကွင်းမာ တလုံး၊ အလယ်ရွာသစ်နန့် ကြိုးကြာချောင်းတန်းထားကြား လယ်ကွင်းမာ တလုံး၊ ချောင်းနက်ရွာနန့် ဘယာရွာကြား ဖိုးခေါင်တောင်ဟိ ဘယာရွာနီ ဦးဝေသိန်းချေ၏ လယ်ကွင်းမာ တလုံး ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။

ယင်းကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူအဆောက်အအုံထိခိုက်ပျက်စီးမှုမဟိခကေလေ့ ဖိုးခေါင်တောင်ဟိ ဦးဝေသိန်းချေပိုင်ဆိုင်ရေ နွား(၄)ကောင်မာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရလားခပါရေ။

ရက္ခိုင်ပြည်တဝန်း အာရက္ခတပ်တော်နန့် ရင်ဆိုင်တိုက်ပွဲတိအတွင်း မရှုမလှ ကျယှုံးလျက်၊ ၎င်းရို့တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိကိုစွန်ခွာပနာ ခွီးဗြီး၊ ဝက်ဗြီး ထွက်ဗြီးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ ကျောက်ဖြူအပါအဝင် ရက္ခိုင်ပြည်တဝန်းက အပြစ်မဲ့ပြည်သူရို့နီထိုင်ရာ မြို့၊ ရပ်ရွာတိကို နေဗီ၊ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိ အသုံးပြုပနာ နိစဉ်ရက်ဆက် အကြမ်းဖက် ပစ်ခတ်လို့ဟိနီပါရေ။

https://www.facebook.com/arakanprincessmedia1/posts/451288290629464

Leave a Reply

Your email address will not be published.