ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူပိုင်နေအိမ် များကို ဘတ်ဟိုးဖြင့် ဖျက်ဆီး

By Arakan Bay News / 2024 April      12

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက် ၊ မီးလောင်ကွင်းစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ် များကို ဘတ်ဟိုးဖြင့် ဖျက်ဆီးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၁၂ ရက်၊ ညနေ ၃ နာရီကျော်တွင် ဘတ်ဟိုးတစ်စီးဖြင့် ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးနေကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ဌာနဆိုင်ရာ ပေါင်းစုံပါတယ်။ ပြည်သူပိုင်နေအိမ်တွေကို ဘတ်ဟိုးနဲ့ ဖျက်ဆီးနေပါတယ်။ အိမ် ၆ ဆောင်လောက်ပျက်စီးသွားပါပြီ”။ ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို အသိမပေးဘဲ အိမ်များကို အဓမ္မဖြိုဖျက်စီးနေသည့်အတွက် ဒေသခံပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေအိမ်များကို ဘတ်ဟိုးဖြင့် ဖျက်စီးနေလျက်ရှိကြောင်း တွေ့ရသည်။

အိမ်များ ဖျက်ဆီးခံရသည့် နေအိမ်ပိုင်ရှင်များကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

https://www.facebook.com/watch/?v=979157970581611

Leave a Reply

Your email address will not be published.