အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြ

By Border News Agency / 2024 April   3

(ဓာတ်ပုံ-လူထုတော်လှန်ရေးမဟာမိတ်တပ်ဖမ်းဆီးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ/PRA)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးနေကြသလို ဖမ်းဆီးခံနေကြရသူတွေလည်းရှိတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝို င်းနဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အတ ည်ပြုပြောကြပါတယ်။

အဲဒီတိုင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော်(AA)မှ ပြီးခဲ့တဲ့မတ်လနောက်ဆုံးအပတ်ကစတင်ထိုးစစ်ဆင်တို က်ခိုက်နေသလို အဲဒီတိုင်းဌာနချုပ်သို့ဝင်လမ်းအား လုံးကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခို က်နေတာဖြစ်ပါတယ်။

အဲဒီလိုထိုးစစ်ဆင်ပိတ်ဆို့မှုတွေကြောင့်ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးကို ရက္ခိုင့်တပ်တော်(AA)နဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့မကွေး တိုင်းအခြေစိုက်၊လူထုတော်လှန်ရေးမဟာမိတ်တပ်က ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်အ ခြေစိုက်၊အမှတ် ၆၃ ခြေလျင်တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို မတ်လ ၂ ရက်နေ့မှဖမ်းဆီးရမိထားသလို တောင်ကုတ်မြို့အခြေစိုက်အမှတ် ၉ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို ဧပြီလ ၁ ရက်နေ့က အရှင်ဖမ်းဆီးရမိထားတာလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမ်းမြို့အခြေ စိုက်၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့စစ်ကူလာချိန်မှာ ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်

ခိုက်လို့ တပ်ပျက်ထွက်ပြေးနေကြသူတွေဖြစ်တယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

”အမ်းကတပ်တွေမှာစစ်သည်အင်အားမရှိကြတော့ဘူး။အဲဒါကြောင့်စစ်ကူလာတောင်းနေရပြီ။စစ်ကူလာတော့လည်းလမ်းမှာကြားဖြတ်တိုက်ခိုက်ခံရတယ်။ခုတော့ ကားလမ်းကိုလုံးဝအသုံးပြုလို့မရ တော့ဘူး။လေကြောင်းကပဲစစ်ကူလာနေတယ်။စစ် ကူလာတဲ့စစ်သည်အများစုသေဆုံးဒဏ်ရာရတော့ ကျန်သူတွေထွက်ပြေးနေကြတာ။”လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး”အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ကမောင်တော-အငူမော်ကားလမ်းက စစ်ကောင်စီတပ်ရဲ့နယ်ခြားစောင့်အ ထိုင်စခန်းကို ရက္ခိုင့်တပ်တော် (AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ရဲ့စခန်းတွေ၊တပ်ရင်းတွေ၊ဗျူဟာတွေ၊တပ်မတွေကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းယူနေပြီးပလက်ဝဒေ သအပါအဝင် ရခိုင်က မြို့အများစုကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင်မောင်တောခရိုင်နဲ့အမ်းမြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး မကွေးတိုင်းရှိစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေ၊တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

”အေအေကတကယ်ထိုးစစ်ဆင်တိုက်ရင် နပခလ ည်းခဏလေးပါပဲ။အသေခံတိုက်မယ့်သူကမရှိကြတော့ဘူး။တကယ်လာတိုက်ရင် လက်နက်ချမယ့်သူတွေ၊ထွက်ပြေးမယ့်သူတွေပိုများတယ်။ဒုတိုင်းမှူးတောင်စစ်မတိုက်ချင်တော့ဘူး။နပခကထွက်ပြေးစစ်သည်တွေလည်းအများကြီးပါပဲ။”လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးရှိ စစ်ကောင်စီအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

ရခိုင်တပြည်လုံးရှိ စစ်ကောင်စီလက်နက်ကိုင်တပ်အားလုံးကို အမိန့်ပေးညွှန်ကြားနေတဲ့ အမ်းမြို့အ ခြေစိုက်၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၄ ရက်နေ့ကစ တင်ပြီးထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်၊လုံးကောက်အုပ်စု၊အမ်း-တပ်တောင်ကားလမ်းဘေးမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့အမှတ် ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂ ၇ ရက်နေ့ညနေမှာ တို က်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ကောင်စီတပ်အသို င်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအမ်းမြို့နယ်၊အမ်းမြောက်အုပ်စုမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ် ၃၇၁ ခြေမြန် တပ်ရ င်း၊အမှတ် ၃၇၃ခြေမြန်တပ်ရင်း၊အမှတ် ၃၇၄ ခြေမြန် တပ်ရင်း၊အမှတ်၂ ကုတင် ၃၀၀တပ်မတော်စစ် ဆေးရုံ၊အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် ၃၄၅ စက်လက်နက်ပစွည်းတပ်ခွဲ၊စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(နပခ)တို့တည်ရှိသလို လုံကောက်အုပ်စုမှာအမှတ် ၃၇ ၂ခြေမြန်တပ်ရင်း၊အမှတ် ၈အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊အမှ တ် ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲတို့တ ည်ရှိနေပါတယ်။

အဲဒီအပြင် အမ်းမြို့၊စျေးရပ်ကွက်မှာ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမ်းတောင်အုပ်စုမှာအမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်)၊လေယာဥ်ကွင်းရပ်ကွက်မှာအမှတ် ၁၀ တပ်ထိန်းတပ်ခွဲတို့တ ည်ရှိပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရက္ခိုင့်တပ်တော်(AA)က ရခိုင်တပြည်လုံးအပြင်မကွေးတိုင်းထိထိုးစစ်ဆင်တိုက်ခိုက်နေသလို အဲဒီအမ်း-မကွေးကားလမ်းကိုလ ည်း ဧပြီလ ၂ ရက်၊မနေ့ကစတင်ပြီးရက္ခိုင့်တပ် တော်(AA)က ရက်အကန့်အသတ်မရှိပိတ်ဆို့တား မြစ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

https://www.facebook.com/bordernewsagency/posts/442772778270892

Leave a Reply

Your email address will not be published.