‘ဝ’ပြည်နယ်နန့် ဆက်လက်ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရီးအတွက် အတူတကွ ကြိုးပမ်းလားဖို့ ညီနောင်မဟာမိတ် (၃) ဖွဲ့​ ဆို

By Arakan Princess Media / 2024 April    17

‘ဝ’ပြည်နယ်နန့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရီးအတွက် အတူတကွ ကြိုးပမ်းလားဖို့လို့  ဒေနိ(ဧပြီ ၁၇ ရက်နိ)မာ ကျရောက်တေ ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရီးတည်ဆောက်မှု(၃၅)နှစ်ပြည့်နိ အခမ်းအနားသို့ ပီးပို့ရေ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ဂုဏ်ပြုသဝဏ် လွှာထဲမာ ထည့်သွင်း ဖော်ပြထားပါရေ။

‘ဝ’ ပြည်နယ် ငြိမ်းချမ်းရီးတည်ဆောက်မှု(၃၅)နှစ်ပြည့်နိ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တေ မြန်မာနိုင်ငံအမှန်တရားနန့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/TNLA)နန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ရို့၏ တရုတ်ဘာသာနန့်ပီးပို့ရေဂုဏ်ပြုသဝဏ် လွှာအတွင်း”မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့ အနီဖြင့်လည်း ‘ဝ’ပြည်နယ်နန့် ဆက် လက် ပူးပေါင်းဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရီးအတွက် အတူတကွ ကြိုးပမ်းဖို့” လို့ ဖော်ပြထားပါရေ။

ယင်းအပြင် “မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိထဲမာ အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်တေ ‘ဝ’ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ရီးစနစ်စွာ တခြားအဖွဲ့အစည်းတိအတွက် စံပြဖြစ်လာခရေ”လို့လည်း ညီနောင် (၃) ဖွဲ့က ဆိုထားပါရေ။

ဒေနိ၂၀၂၄ခုနှစ်၊ ဧပြီ ၁၇ ရက်နိစွာ ‘ဝ’ပြည်သွီးစည်းညီညွတ်ရီးပါတီ/ ‘ဝ’ပြည်သွီးစည်းညီညွတ်ရီးတပ်မတော် (UWSP/UWSA) ငြိမ်းချမ်းရီးရယူခစွာ (၃၅) နှစ်​ပြည့် မြောက်ခပြီး၊ ငြိမ်းချမ်းရီးတည်ဆောက်မှု (၃၅) နှစ်ပြည့်နိအထိမ်းအမှတ်အခမ်းအနားကို ‘ဝ’ပြည်နယ်၊ ပန်ဆန်းမြို့မာ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခကြောင်း သတင်းရဟိပါရေ။

https://www.facebook.com/arakanprincessmedia1/posts/450709484020678

Leave a Reply

Your email address will not be published.