By Border News Agency / 2024 April 3

ရက္ခိုင့်တပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်း လင်းရေးအပါအဝင် စစ်ကျန်လက်နက်တွေကို ရှင်း လင်းရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမြို့နယ်တွေက စစ်ကောင်စီတပ်ရင်းတွေ၊တပ်စခန်းတွေနဲ့အဲဒီအနီးပတ်ဝန်းကျင်တွေနေရာတွေကို အဓိကမိုင်းလင်းရှင်းပေးဖို့လိုအပ်နေသလို တိုက်ပွဲကာလတွေမှာမပေါက်ကွဲဘဲကျန်နေတဲ့စစ်ကျန်လက်နက်တွေကို လည်း ရှင်းလင်းပေးဖို့လိုအပ်တယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
“ကျမဆိုရင် မဟာမြတ်မုနိသိမ်တော်ရဲ့ အောက်ဖက်တွေကိုမသွားရဲသေးဘူး။အဲဒီနားမှာ စစ်တပ်စခန်းချခဲ့တာရှိတယ်။ခုမရှိတော့တာကြာပြီဆိုပေမယ့် မိုင်းရှင်းလင်းရေးတွေကို အေအေကထဲထဲဝင်ဝင်လုပ်ပေးတာတွေမ တွေ့ရဘူး။ဒါကြောင့် ကလေးတွေကိုလည်း မသွားဖို့မှာထားတယ်။”လို့ မဟာမြတ်မုနိသိမ်တော်အနားရှိ စျေးသည်တစ်ဦးက Border News Agency ကိုပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ၁၃ ရက်နေ့ကမောင်တော-အငူမော်ကားလမ်းက စစ်ကောင်စီတပ်ရဲ့နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ရဲ့စခန်းတွေ၊တပ်ရင်းတွေ၊ဗျူဟာတွေ၊တပ်မတွေကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်သိမ်းယူနေပြီးပလက်ဝဒေ သ၊ပေါက်တောမြို့၊တောင်ပြိုလက်ဝဲမြို့ နယ်ခွဲအပါအဝင် ရခိုင်ပြည်နေရာအများဆုံးကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်တွေ၊လူသွားလူလာလမ်းတွေ၊ဆေးရုံတွေ၊ဘာသာရေးဆိုင်ရာအဆောင်အဦးတွေ၊စာသင်ကျောင်းတွေအပါအဝင် အများပြည်သူနေရာတွေမှာ မြေမြုပ်မိုင်းတွေကို ပရမ်းပတာ အသုံးပြုထောင်ထားတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့်ရခိုင်ပြည်သူတွေဟာ ကားလမ်းမတွေအပါအဝင် အများပြည်သူနေရာတွေမှာ မြေမြုပ်မိုင်းနင်းမိတာတွေမကြာမဏဖြစ်နေကြပြီး သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေကြပါတယ်။
ရက္ခိုင့်တပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ပလက်ဝဒေသမှာ အာရက္ခပြည်သူ့အစိုးရက တရားဥပဒေစိုးမိုးရေး၊နယ်စပ်ရေးရာလုံခြုံရေး၊ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံပြည်သူလူထုတွေဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေးနဲ့မြေမြုပ်မိုင်း၊စွန့်လွှတ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေ အန္တရာယ်တွေကကင်းရှင်းပြီးနေထိုင်နိုင်ရေးအတွက် နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတာလို့ ဆိုကြပါတယ်။
“မိုးတွင်းမတိုင်မီတော့ မိုင်းရှင်းလင်းပေးစေချင်ပါတယ်။ကျနော်တို့တွေ အသက်မွေးဝမ်းကျောင်းက တောင်ယာတွေကိုပဲ မှီခိုလုပ်ကိုင်ကြတာ။ခုနောက် ပိုင်းအေအေသိမ်းပိုက်ပြီးမြို့နယ်တွေမှာ မိုင်းပေါက်ကွဲမှုတွေ မကြာခနရှိ လာနေတယ်။တောတောင်ဝင်ကတည်းက ခြေတလှမ်းအကစ သတိထားသွားနေရတယ်။ လုံခြုံမှုမရှိသလိုခံစားရတယ်။မိုင်းရှင်းလင်းမပေးနိုင်သေးဘူးဆိုရင် တောင် အလံငယ်တွေစိုက်ပြီး တားမြစ်နယ်မြေတွေသတ်မှတ်ထားသင့်ပါတယ်။”လို့ ရခိုင်ပြည်သူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ထိန်းချုပ်နယ်မြေတွေမှာ မြေမြုပ်မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းလင်းရေးကိရိယာတွေ အရေးတ ကြီးလိုအပ်နေတယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီး ကူညီပေးလိုသူတွေလည်း ညီနောင်မ ဟာမိတ်သုံးဖွဲ့ကိုဆက်သွယ်ပြီး နည်း ပညာတွေ၊မိုင်းရှင်းလင်းရေးပစ္စည်းကိရိ ယာတွေ ကူညီပေးနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က အပြီးသတ်သိမ်ပိုက်ထားတဲ့နယ်မြေတွေကို အုပ် ချုပ်စီမံရေးယန္တရားတွေလည်ပတ်အသက်ဝင်လာစေရန်အတွက် စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူလူထုရဲ့အသက်၊စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကိုဦးစားပေးပြီး တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲကျန်ရှိနေသေးတဲ့မြေမြုပ်မိုင်း၊စွန့်လွှတ်မိုင်းနဲ့စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေရှင်းလင်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း စနစ်တကျဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရက္ခိုင့်တပ်တော်(AA)က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦး ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သလို မောင်တော၊ဘူးသီးတောင်နဲ့အမ်းမြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
https://www.facebook.com/bordernewsagency/posts/442700814944755