ရက္ခိုင့်တပ်တော်ကို အာရက္ခတပ်တော်လို့ အမည်ပြောင်း

By Border News Agency / 2024 April   10

(ဓာတ်ပုံ-အာရက္ခပြည်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ/BNA)

ရက္ခိုင့်တပ်တော်(AA)ရဲ့ဧပြီလ ၁၀ ရက်၊ဒီနေ့ကျရောက်တဲ့ ၁၅ နှစ်ပြည့်တပ်မွေး နေ့မှာ အာရက္ခတပ်တော်လို့ အမည်ပြောင်းသုံးစွဲထုတ်ပြန်တာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ်၊ဧပြီလ ၁၀ ရက်နေ့က ကချင်ပြည်၊လိုင်ဇာမြို့ရှိ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်မှာ ရက္ခိုင့်တပ်မတော် (AA)အမည်နဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီရက္ခိုင့်တပ်မတော်(AA)အမည်ကိုစတင်ဖွဲ့စည်းထူထောင်တဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ ၈ နှစ်တာသုံးစွဲခဲ့ပြီး ၂၀၁၉ ကစတင်ကာ ရက္ခိုင့်တပ်တော် (AA)လို့ ပြောင်းလဲသုံးစွဲလာခဲ့ပါတယ်။

အဲဒီရက္ခိုင့်တပ်တော်(AA)အမည်ကို ၅နှစ်အကြာမှာ အာရက္ခတပ်တော်(AA) လို့ ပြောင်းလဲလိုက်တာဖြစ်ပြီး ရခိုင်လူမျိုးတခုတည်းနဲ့ဗုဒ္ဓဘာသာကိုသာ ကိုယ်

စားပြုတဲ့ လက်နက်ကိုင်တပ်အဖြစ်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့နိုင်ငံတကာမီဒီယာတွေကို ပုံဖော်ရေးသားနေကြတာမို့ ဒေသကိုကိုယ်စားပြုတဲ့အမည်ကိုပြော င်းလဲသုံးစွဲလိုက်တာဖြစ်မယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

”ရက္ခိုင့်တပ်တော်လို့ပြောလိုက်ရင် ရခိုင်လူမျိုးတခုတည်းကိုပဲကိုယ်စားပြုတ ယ်လို့ထင်နေကြတော့ အာရက္ခဒေသ၊အာရက္ခတိုင်းပြည်ကိုကိုယ်စားပြုတာမို့

အာရက္ခတပ်တော်လို့ ပြောင်းသုံးလိုက်တာလို့မြင်ပါတယ်။အာရက္ခတိုင်းပြည်ကိုကိုယ်စားပြုတဲ့အမည်ကပိုကောင်းပါတယ်။’လို့ ရခိုင်အရေးစောင့်ကြည့်

လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင် ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလို ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေ၊အတွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေပစ်ခတ်ခုခံနေပေမယ့် အာရက္ခတပ်တော်(AA)က တမြို့ပြီးတမြို့တိုက်ခိုက်သိမ်းယူနေပါတယ်။

အဲဒီအပြင်မောင်တောခရိုင်နဲ့အမ်းမြို့န ယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသလို တောင်ကုတ်၊သံတွဲမြို့နယ်တွေထိ တိုက်ပွဲတွေဖြစ်လာနေပြီး မကွေးတို င်းထိစစ်နယ်ကျယ်လာနေတယ်လို့စစ်ရေးစောင့်ကြည်လေ့လာသူတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ရေးနဲ့ကွန်ဖက်ဒရေးရှင်းထက်မနိမ့်တဲ့အဆင့်ကိုရယူလိုတယ်လို့ အာရက္ခတပ်တော်က တရားဝင်ထုတ်

ဖော်ပြောဆိုထားပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦးကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရ မ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တောခရိုင်တခုလုံးကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်တော၊ဘူးသီးတောင်မြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေ၊တပ်ရင်းတွေကို အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပါတယ်

အာရက္ခတပ်တော်(AA)ဟာ ၁၅ နှစ်တာကာလအတွ င်းမှာ တိုက်ခိုက်ရေးအတွ က်အမြဲတမ်းတပ်ဖွဲ့ဝင်အနည်းဆုံးတစ်သိန်းထိရှိနေပြီးအရံအင်အားတွေအပါ

အဝင်သုံးသိန်းထိရှိနေနိုင်ကာ ကချင်၊ကရင်၊ကရင်နီ၊ချင်း၊မကွေး၊စစ်ကိုင်း၊ရှမ်းမြောက်၊မွန်ဒေသတွေအပြင် ဗမာပြည်ထိ စစ်အာဏာရှင်တော်လှန်ရေးလက် နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းတိုက် ပွဲဝင်နေတယ်လို့ စစ်ရေးစောင့်ကြည်လေ့ လာသူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်(AA)ဟာ အာရက္ခဒေသမှာ အာရက္ခပြည်သူ့အစိုးရအဖြစ် တရားဝင်ထုတ်ဖော်ပြောဆိုသုံးစွဲနေပြီးအုပ်ချုပ်ရေး၊တရားစီရင်ရေးတွေအ ပြင် အာရက္ခပြည်တည်ဆောက်ရေးတွေကိုလည်း ဆောင်ရွက်နေပါတယ်။

https://www.facebook.com/bordernewsagency/posts/446933637854806

Leave a Reply

Your email address will not be published.