ရက္ခိုင်ပြည် တကျော့ပြန်တိုက်ပွဲကာလအတွင်း သီဆုံးလူ အပြစ်မဲ့အရပ်သား ၁၇၉ ယောက်နန့် ၊ဒဏ်ရာရလူ ၄၆၈ ယောက်ဟိကြောင်း HDCO ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရလူ ၄၇၁ ယောက်ဟိ

By Arakan Princess Media / 2024 April    5

ရက္ခိုင်မာ တိုက်ပွဲစတင်ရေ နိုဗမ်ဘာလ ၁၃ ရက်နိက မာ့ချ် ၂၁ ရက်နိအထိကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ  အာရက္ခပြည်သူ ၁၇၉ ယောက်ထက်မနည်း သီဆုံးလားပြီးနန့် ဒဏ်ရာရလားလူ ၄၆၉ ယောက်အထိဟိကြောင်း လူသားချင်းစာနာထောက်ထားရီးနန့်  ဖွံဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး ( HDCO)က ဧပြီ ၄ ရက်နိမာ ထုတ်ပြန်လိုက်ပါရေ။

HDCO က ကောက်ယူထားရေစာရင်းတိအရ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ၂၀၂၄ ခုနှစ်၊  မာ့ချ် ၂၁ ရက်နိအထိ ရက္ခိုင်တိုက်ပွဲ ၄ လကျော်ကြာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သီဆုံးလားရေ အာရက္ခပြည်သူ ၁၇၉ ယောက်ဟိပြီးကေ ယင်းအထဲ အမျိုးသား ၁၁၅ ယောက်နန့် အမျိုးသမီး ၆၄ ယောက်ပါပနာ အသက် (၁၈) နှစ်အောက် အချေ ၃၉ ယောက်အထိ ပါဝင်ပါရေ။

အလားတူ ဒဏ်ရာရလားရေ အာရက္ခပြည်သူလည်း ၄၆၈ ယောက်ဟိပနာ ယင်းအထဲမာ အမျိုးသား ၂၇၀ ယောက်နန့် အမျိုးသမီး ၁၉၈ ယောက်ပါဝင်ပနာ အသက် (၁၈)နှစ်အောက် အချေ ၁၂၄ ယောက်အထိဟိရေလို့ ဆိုပါရေ။

ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရရေ အာရက္ခပြည်သူလည်း သူများမာ  အမျိုးသား ၄၂၄ ယောက်နန့် အမျိုးသမီး ၄၇ ယောက်၊ စုစုပေါင်း ၄၇၁ ယောက် ဟိရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

ရက္ခိုင်ပြည်အတွင်း စစ်ဖီးယှောင်ဦးရေ စုစုပေါင်းမာ ၃၅၈၂၀၀ ယောက်အထိ ဟိရေလို့ လည်း ဖော်ပြထားပါသိမ့်ရေ။

ယင်းအပြင် ယင်းစစ်ဖီးယှောင်ပြည်သူတိထဲက ၃၀ ရာခိုင်နှုန်းလောက်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီကို ရဟိထားပြီးကေ ကျန်ရေ စစ်ဖီးယှောင် အာရက္ခပြည်သူတိမာ စားနပ်ရိက္ခာ ၊ဆီးဝါးနန့် အထောက်အကူပစ္စည်း၊အမိုးအကာ၊ သက်မွီးဝမ်းကျောင်းဆိုင်ရာ  အလုပ်တိနန့် နီရပ်ပြန်နိုင်ဖို့ တိုက်ပွဲအတွင်းက ကျန်ဟိနီရေ မိုင်း၊ လက်နက်ကြီးတိကျည်တိကို  ယှင်းလင်းဖို့အတွက် အရေးပေါ်အကူအညီလိုအပ်နီကြောင်း ထုတ်ပြန်ချက်မာ ရွီးသား ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/443705804721046

Leave a Reply

Your email address will not be published.