By Border News Agency / 2024 April 13
အာဏာသိမ်းစစ်ကောင်စီတပ် အင်အားဖြည့်ခံစစ်အခိုင်အမာပြုလုပ်ထားတဲ့ ဘူးသီးတောင်မှာ မြို့ခံနှစ်ဦကို စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးထားတဲ့မွတ်
ဆလင်တွေက ဧပြီလ ၁၀ ရက်နေ့မှာ အကြမ်းဖက်သတ်ဖြတ်လိုက်တယ်လို့ ဘူးသီးတောင်မြို့ခံတွေ အတည်ပြုပြောကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ရဲ့ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဘူးသီးတောင်မြို့၊အမှတ် ၃ ရက်ကွက်နေအသက် ၃၂ နှစ်အရွယ်ကိုထွန်းထွန်းနိုင်နဲ့ဘူးသီးတောင်မြို့၊အမှတ် ၅ ရပ်ကွက်နေ လူငယ်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ၊အသက် ၃၂ နှစ်အရွယ်၊ကိုမင်းသိန်းဇံတို့ဖြစ်တယ်လို့ ဘူးသီးတောင်မြို့ခံတွေက ဆိုကြပါတယ်။
”မြို့ပေါ်မှာ စစ်သား၊ရဲသားနဲ့စစ်တပ်ကသင်တန်း ပေးထားတဲ့ကုလားတွေပဲရှိတာပါ။ရခိုင်မှာလူကိုလည်လှီးသတ်တာကကုလားတွေပဲရှိတာပါ။ခုလည်းစစ်တပ်ကသင်တန်းပေးထားတဲ့ကုလားတွေက လည်လှီးသတ်လိုက်တာလို့ကုလားတွေကပြောကြတယ်။”လို့ ဘူးသီးတောင်မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က မြို့အများစုကို တိုက် ခိုက်သိမ်းယူထားပြီး ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေတာမို့ စစ်ကောင်စီတပ်နဲ့မွတ်ဆလင်အစွန်းရောက်တချို့က လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေဖန်တီးနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခဒေသရှိမွတ်ဆလင်အစွန်းရောက်တချို့ဟာ စစ်ကောင်စီတပ်သို့မိမိဆန္ဒအလျှောက်ဝင်ရောက်စစ်မှုထမ်းသူတချို့ရှိနေသလို ဘူးသီးတောင်မြို့ပေါ်မှာ ဆန္ဒပြအကြမ်းဖက်မှုတွေပြုလုပ်ခဲ့ကြသလို နေအိမ်တွေကိုဖျက်ဆီးပြီးပစ္စည်းတွေကိုခိုးယူတာတွေလည်းပြုလုပ်နေကြတယ်လို့ ဘူးသီးတောင်မြို့ခံတွေက ဆိုကြပါတယ်။
”ခုနောက်ပိုင်း ရခိုင်နဲ့မွတ်ဆလင်တွေကို လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေဖန်တီးနေတာထက်ပိုပါတယ်။အဲဒီအထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းလည်း
ပါပါတယ်။စစ်တပ်ရော့ ရိုအမည်ခံအစွန်းရောက်တွေရော့ပါပါတယ်။ရိုးရိုးသားသားနေသူတွေကတော့ ဘာပဋိပက္ခမှမဖြစ်ချင်တော့ပါဘူး။”လို့ မောင်တောမြို့နယ်မှ မွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး ” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလို ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေအပြင် ကြေးရေလေပူးပေါင်းပစ်ခတ်ခုခံနေပေမယ့် အာရက္ခတပ်တော် (AA)က တမြို့ပြီးတမြို့တိုက်ခိုက်သိမ်းယူနေပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA) က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အဲဒီအပြင်မောင်တောခရိုင်တခုလုံးကိုလည်း အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်တော၊ဘူးသီးတောင်မြို့တွေရှိ စစ်ကောင်စီတပ်စခန်းတွေ၊တပ်ရ င်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေပါတယ်။
အာဏာသိမ်းစစ်တပ်က ရခိုင်တပြည်လုံးမှာ စစ်ရှုံးနေတာမို့ လက်နက်ကိုင်လူ မျိုးရေးပဋိပက္ခတွေကြီး မားစွာဖြစ်လာစေဖို့ မွတ်ဆလင်တချို့ကို အတင်းအ ဓမ္မဖမ်းဆီးစစ်သင်တန်းပေးနေချိန်မှာ မွတ်ဆလင်အစွန်းရောက်တချို့ဟာ စစ်ကောင်စီအကြိုက်စစ်သင်တန်းတက်ပြီး အကြမ်းဖက်မှုတွေပြုလုပ်နေကြ
တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီမွတ်ဆလင်အစွန်းရောက်တွေကို နိုင်ငံတကာရောက်မွတ်ဆလင်အစွန်း ရောက်တချို့က အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး လူမျိုးရေး၊ဘာသာရေး
ပဋိပက္ခတွေဖန်တီးနေကြတာမို့ အာရက္ခဒေနေမွတ်ဆလင်အသိုင်းအဝိုင်းက သတိထားဆင်ခြင်ပြီး အစွန်းရောက်တွေကို ဖော်ထုတ်ဖယ်ရှားဖို့လိုအပ်နေတ ယ်လို့ မွတ်ဆလင်လူကြီးတွေနဲ့ဘာသာရေးဆရာတွေက ဆိုကြပါတယ်။