ဂွမာ အဖကိုမရရေအတွက် လူမိုက်ဂိုဏ်းဆန်ဆန် သားကိုပြန်ပီးဆွဲဖမ်းထားပနာ ” အဖကို မရမချင်း သားကို ပြန်မလွှတ်” လို့ ကျိန္တလီစခန်းမှူးစောကျော်ထွေး ပြော

By Arakan Princess Media / 2024 April    13

ဂွမြို့နယ်၊ ကျိန္တလီမာ အဖကိုမရရေအတွက် စစ်ကောင်စီက လူမိုက်ဂိုဏ်းဆန်ဆန် သားကိုပြန်ပီးဆွဲဖမ်းထားပနာ ” အဖဖြစ်သူကို မရမချင်း သားကို ပြန်မလွှတ်” လို့ ကျိန္တလီစခန်းမှူးစောကျော်ထွေးက ဒေနိဧပြီ ၁၃ ရက်နိမာ ပြောဆိုလိုက်ပါရေ။

ဖက်ဆစ် စစ်ရာဇဝတ်ကောင် အကြမ်းဖက်စစ်ကောင်စီတပ်စွာ ဧပြီ ၁၁ ရက်နိညည့်မာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ သဲကုန်းရွာက အဖဖြစ်သူ ဦးသိန်းဇံကို ရှာမတွိလို့ အိမ်မာတွိရေ သားဖြစ်သူ ကိုနေဇာလင်းကို သူရဲဘောကြောင်စွာ ဥပဒေမဲ့ မတရား ဖမ်းခေါ်လားခပါရေ။

ကနဦးဖမ်းလားခါက ကိုနေဇာလင်းနန့်တတူ ကိုဝင်းမင်းထွဋ်၊ ကိုညီလေးငယ်ရို့ကိုပါ ဖမ်းယူလားခပြီးကေ ကျိန္တလီရဲစခန်းမာချုပ်နှောင်ထားပြီးနောက် ဧပြီ ၁၂ရက်နိ၊ နိခင်း ၁၂ နာရီခွဲလောက်မာတော့ ဖမ်းဆီးထိန်းသိမ်းထားရေ သုံးယောက်ထဲက ကိုဝင်းမင်းထွဋ်နန့်ကိုညီလေးငယ်ရို့ကို ပြန်လွှတ်ပီးခပါရေ။

ဦးသိန်းဇံ၏ သားဖြစ်သူ ကိုနေဇာလင်းကိုတော့ ဧပြီ ၁၂ ရက်နိ၊နိခင်း ၁ နာရီလောက်မာ  ဂွမြို့သို့ ယူလားခပြီးကေ ဂွမြို့ရဲစခန်းမာ ချုပ်ထားရေလို့ သိရပါရေ။

ကိုနေဇာလင်းနန့်ပတ်သက်လို့ ၎င်း၏ မိတ်ဆွေတချို့က စုံစမ်းရေခါ ကျိန္တလီစခန်းမှူး စောကျော်ထွေးက “အဖဖြစ်သူ ဦးသိန်းဇံကို မရမချင်း သားဖြစ်သူ ကိုနေဇာလင်းကို ဖမ်းထားဖို့” လို့ ဥပဒေမဲ့ လူမိုက်၊ လူယမ်းကားဆန်ဆန် ​တုံ့ပြန်ခစွာပါ။

ရက္ခိုင်ပြည်မာ အာရက္ခတပ်တော်(AA)နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့တကျော့ပြန်တိုက်ပွဲ ကာလအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ  အပြစ်မဲ့အရပ် သားပြည်သူတိကို အကြောင်းအမျိုးမျိုးပြပနာ မတရား ဖမ်းဆီး၊ ရိုက်နှက်၊သတ်ဖြတ်မှုတိကို တစိုက်မတ် မတ် ထင်တိုင်းကြဲ ယမ်းကား လုပ်ဆောင်နီပါရေ။

တချိန်တည်းမာ ယုတ်မာရိုင်းစိုင်းရေ စစ်ရာဇဝတ်ကောင်  ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီစွာ သူရဲဘောကြောင်၊ အောက်တန်းကျရေလုပ်ရပ်တိဖြစ်တေ လင်ကိုမရကေ မယားကိုဖမ်း၊ အဖကိုမရကေ သားသမီးတိကိုဖမ်း၊ သားကိုမရကေ အဖကိုဖမ်း စရေ ဆိုးဝါးရေ စစ်ရာဇဝတ်မှုပေါင်းမြောက်မြားစွာကို ပြောင်ပြောင်တင်းတင်း လက် ရဲဇက်ရဲ စဉ်ဆက်မပြတ် ကျူးလွန်လို့ ဟိနီရေ။

https://www.facebook.com/arakanprincessmedia1/posts/448279450930348

Leave a Reply

Your email address will not be published.