မောင်တောမြောက်ပိုင်းမာ စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၇ လောင်း နန့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်တိကို ရက္ခိုင့်တပ်တော် သိမ်းဆည်းရဟိ

By Arakan Princess Media / 2024 March    1

မောင်တောမြို့နယ်မြောက်ပိုင်းဟိ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်မာ  ဖေဖော်ဝါရီ ၂၈ ရက်နိ၊ ညဇာက ရက္ခိုင့်တပ်တော်နန့် အကြမ်းဖက် စစ်ကောင်စီရို့အကြား တိုက်ပွဲဖြစ်ပွားခရေလို့ ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ၂၉ ရက်နိညည့်မာ  သတင်းထုတ်ပြန်ပါရေ။

ရက္ခိုင့်တပ်တော်၏ အဆိုပါ စစ်သတင်းထုတ်ပြန်ချက်ထဲမာ “ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြော က်ပိုင်း၊ကြိမ်ချောင်း- ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရီးလှုပ်ယှားနီသော အင်အား (၈၀) ပါ ရန်သူ့စစ်ကြောင်းတခု နန့် ရက္ခိုင့်တပ်တော်ရို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်၊ ညဇာ (၄) နာရီ (၂၀) မိနစ်ခန့်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခသည်”လို့ ထည့်သွင်းဖော်ပြထားပါရေ။

နှစ်နာရီကျော် ကြာမြင့်ခရေ ယင်းတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၇) လောင်း နန့်  ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခပိုင် ရန်သူရေ ကစဉ့်ကလျားထွက်ဗြီးနီသောကြောင့် လိုက်လံတိုက်ခိုက်လျက်ဟိ​ရေလို့လည်း ရက္ခိုင့်တပ်တော်က  ဆိုပါရေ။

ယင်းအပြင် ရက္ခိုင်ဒေသအတွင်းမာ လက်နက်ချအညံ့မခံသိမ့်ရေ အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းတိ၊ နယ်ခြားစောင့်တပ်စခန်းတိအပြင် ရန်သူ ၏ လက်နက်ကြီးစခန်းတိကိုပါ ရက္ခိုင့်တပ်တော်က တခုပြီးတခု လိုက်လံယှင်းလင်း လျက်ဟိကြောင်းလည်း  ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/424139233344370

Leave a Reply

Your email address will not be published.