ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တိမာ စစ်ကောင်စီစခန်းတိကို ရက္ခိုင့်တပ်တော် ဆက်လက် ထိုးစစ်ဆင်

By Arakan Princess Media / 2024 March    3

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တိက အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းတိကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နီကြောင်း ရက္ခိုင့်တပ်တော်က မာ့ချ် ၂ ရက်နိ ညည့်ပိုင်းမာ ထုတ်ပြန်ပါရေ။

“ဒေဂုအချိန်ထိ လက်နက်ချ အညံ့မခံသိမ့်သော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့်တပ်စခန်းများ၊ လက်နက်ကြီးစခန်းများကို ရက္ခိုင့်တပ်တော်မှ တရက်မျှရပ်နားခြင်းမဟိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိသည်” လို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

ယင်းပိုင် ရက္ခိုင့်တပ်တော်၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ အသည်းအသန်ခုခံစစ်ဆင်လျက်ဟိရာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်နန့်အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ရီ၊လီ ခုခံစစ်ရို့အကြား တိုက်ပွဲတိပြင်းထန်လျက်ဟိရေလို့ သိရပါရေ။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဟိ စစ်ကောင်စီ၏ တခုတည်းလက်ကျန်တပ်ရင်းဖြစ်တေ”ခမရ (၅၅၀) ”ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ရီးအတွက် ထိုးစစ်အဟုန်မြှင့်လျက်ဟိရာ ရန်သူဖက်ကလည်းယင်းစခန်းမကျဆုံးဖို့အတွက် ကြည်း၊ ရီ၊ လီ ခုခံစစ်နန့် အသည်း အသန်ခုခံကာကွယ်လျက်ဟိရေလို့ ဆိုပါရေ။

အလားတူ မောင်တောမြို့နယ် မြောက်ပိုင်းဟိ ရန် သူ၏ “ရန်အောင်ပြင်စခန်း”ကို အပြီးသတ်သိမ်းပိုက်ဖို့အတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/425043989920561

Leave a Reply

Your email address will not be published.