ပုဏ္ဏားကျွန်းကို စစ်ကူလာသော စစ်ကောင်စီ သံချပ်ကာကား နှစ်စီးကို AA တိုက်ခိုက် (သတင်းတို/ရုပ်သံ)

By Western News / 2024 March     1

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ကို စစ်ကူလာသော စစ်ကောင်စီ၏ သံချပ်ကာ ကား နှစ်စီးကို ရက္ခိုင့်တပ်တော် AA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သံချပ်ကား နှစ်စီးလည်း ပျက်စီးသွားကြောင်း AA မှ ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ ရက် နေ့လယ် ၂ နာရီကျော်အချိန်က စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့ လာသော စစ်ကောင်စီ၏ သံချပ်ကား နှစ်စီးကို AA မှ စစ်တွေမြို့အထွက် အမြင့်ကျွန်းတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် AA သည် ပုဏ္ဏားကျွန်းမြို့အား သိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ပြီး တစ်ခုတည်းကျန်ရှိနေသေးသော စစ်ကောင်စီ၏ ၅၅၀ တပ်အား အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

Western News-WN

https://www.facebook.com/watch/?v=7587884551222556

Leave a Reply

Your email address will not be published.