စစ်တွေ အမြင့်ကျွန်းတံတားအနီးတွင် စစ်ကူလာသည့် သံချပ်ကာကား(၂) စီးကို ရက္ခိုင့်တပ်တော် တိုက်ခိုက်ဖျက်ဆီး (ရုပ်သံ)

By Narinjara / 2024 March     1

စစ်တွေမြို့နယ် အမြင့်ကျွန်း မင်းချောင်းတံတားအနီးတွင် ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာကား(၂) စီးကို ရက္ခိုင့်တပ်တော် တိုက်ခိုက်ဖျက်ဆီးခဲ့သည့်ရုပ်သံဖိုင်ဖြစ်ပါသည်။

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အထဲတွင် “၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် နေ့လယ် (၂) နာရီ (၂၈) မိနစ်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား (၂) စီးကိုလည်း အဆိုပါ အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်” ဟု ဖော်ပြထားပါသည်။

https://www.facebook.com/watch/?v=386448577483395

Leave a Reply

Your email address will not be published.