By Arakan Princess Media / 2024 March 3
ကျောက်ဖြူမာ စစ်သင်တန်းမတက်ဘဲ ယှောင်နီယှောင်နီရေ ကျောက်တလုံး ကယ်ဆယ်ရီးစခန်းက လူငယ်တိ၏မိသားစုဝင်တိကို စစ်ကောင်စီက လူမဆန်စွာ မတရားဖမ်းဆီးထားစွာရေ တပတ်နီးပါးကြာလာကေလေ့ အဂုအချိန်ထိ ပြန်မလွတ်သိမ့်လို့ သိရပါရေ။
ဖေဖော်ဝါရီ ၂၇ ရက်နိက ကျောက်တလုံး ကယ်ဆယ်ရီးစခန်းသို့ဝင်ပနာ စစ်ကောင်စီ မတရားဖမ်းလားခရေ မိသားစုဝင်စုစုပေါင်း ၉ ယောက်ဖြစ်ပြီးကေ ယင်းအထဲမာ ရက်သား၊ လသားအရွယ် အချေနှစ်ယောက်လည်း ပါပါရေ။
အဖမ်းခံထားရရေလူတိကတော့ မောင်မောင်နိုင် (၁၈ရက်)၊ မရွှီသဇင်( ၁၁ လ)၊ မဇုဝေရာ ( ၁၉ နှစ်)၊ ဦးအောင်ကိုကို (၅၃နှစ်)၊ ဦးအောင်နိုင်ချေ (၄၀ နှစ်)၊ ဦးကျော်ခင်(၅၄ နှစ်)၊ ဦးမျိုးထွန်း(၆၈နှစ်)၊ ဒေါ်အုန်းညွန့်( ၅၅နှစ်)နန့် ဒေါ်ပုမချေ (၂၅နှစ်) ရို့ဖြစ်ကတ်ပါရေ။
စစ်ကောင်စီက ကျောက်တလုံးကယ်ဆယ်ရီးစခန်းမာဟိရေ လူငယ်တိကို စစ်မှုထမ်းကတ်ဖို့ အတင်း အကျပ်ဖိအားပီးလာမှုတိကြောင့် ကျောက်တလုံးကယ်ဆယ်ရီး စခန်းက စစ်မှုမထမ်းလိုရေ မူဆလင်လူငယ်တချို့စွာ စခန်းကိုစွန့်ခွာတိမ်းယှောင်မှုတိဟိကြောင်း သတင်းတိထွက်ပေါ်လာခပြီးရေနောက် ပိုင်း ဖေဖော်ဝါရီ ၂၇ ရက်နိမာ ယင်းတိမ်းယှောင် လူငယ်တိ၏မိသားစုဝင်တိကို အဂုပိုင်ဖမ်းဆီးထားစွာဖြစ်ပါရေ။
မိသားစုဝင်တိကို စစ်ကောင်စီ ဖမ်းထားစွာနန့် ပတ်သက်လို့ ဒေသခံတယောက်က”ဖမ်းစွာကတော့ ခမ ရ(၅၄၂)တပ် ရင်းမှူး ဝဏ္ဏအောင်ကိုယ်တိုင် ဦးဆောင်ပနာ လာဖမ်းစွာပါ။ အဓိက စစ်သင်တန်းမတက်ဘဲယှောင်လို့။ အေအေဘားရောက်လားရေ သတင်းတိထွက်လာလို့။ ရက်သား၊ လသားချေတိ၊ မသန်စွမ်းတိလည်းပါရေ။ လင်ကိုမရကေ မယားကိုဖမ်းရေ။ အဖမရကေ သားသမီးဖမ်းရေ။ ယင်းသဘော။ ဥပဒေနန့်မညီ လူမဆန်ရေလုပ်ရပ်လို့ မြင်ပါရေ”လို့ ပြောပါရေ။
လက်ဟိမာ ယင်းမိသားစုဝင် ၉ ယောက်ကို ခမရ (၅၄၂)တပ်ရင်းထဲမာ ထိန်းသိမ်း ထားပြီးကေ သူရို့တိအတွက် ထမင်းလားပို့ပီးနီရရေလို့လည်း ဒေသခံတိ၏ ပြောကြားချက်အရ သိဟိရပါရေ။
https://www.facebook.com/arakanprincessmedia1/posts/425264049898555