အကြမ်းဖက်စစ်ကောင်စီက ရမ်းဗြဲကို ကြည်း၊ ရီ၊ လီ နန့် လူမဆန်စွာဆက်လက်တိုက်ခိုက်၊ အသက် ၇၅ နှစ်အရွယ်ဒေသခံ သက်ကြီးအမျိုးသား တယောက် ထပ်မံသီဆုံး

By Arakan Princess Media / 2024 February    24

ဒေနိ၊ ဖေဖော်ဝါရီ ၂၄ ရက်နိမာလည်း အကြမ်းဖက်စစ်ကောင်စီက ရမ်းဗြဲမြို့နန့် မြို့နားတဝိုက်က ရပ် ရွာတိကို ကြည်း၊ ရီ၊ လီ နန့် ဗုံးကြဲ၊ ပစ်ခတ်၊ တိုက် ခိုက်မှုတိဆက်လုပ်နီခပြီး၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက် ခိုက်မှုကြောင့်ရမ်းဗြဲမြို့နားဟိ ကြက်သရေရွာက အသက် ၇၅ နှစ်အရွယ် သက်ကြီးအမျိုးသား တယောက် ထပ်မံသီဆုံးလားကြောင်း သိရပါရေ။

ဗုံးကျလို့သီဆုံးလားခလူကတော့ ရမ်းဗြဲမြို့နယ်၊ ကြက်သရေရွာက ဦးမောင်လွမ်းသာ(၇၅နှစ်)ဖြစ် ပါရေ။

ဒေနိမိုးထ ၈ နာရီဝန်းကျင်ကစလို့ ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းမာတပ်စွဲနီရေ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းက ရမ်းဗြဲမြို့နန့် ပတ်ဝန်းကျင်ကိုလက်နက်ကြီးနန့် (၁၅)ကြိမ်၊ မိုးထ ၈နာရီ ၁၀ မိနစ်ကစလို့ နေဗီက လက်နက်ကြီးနန့် (၆)ကြိမ် ဆက် တိုက် ပစ်ခပါရေ။

ယင်းပြင် မိုးထ ၈ နာရီ ၂၃ မိနစ်ကစလို့ ဂျက်ဖိုက်တာနန့် (၁၀)ကြိမ်၊ Y-12 ထောက်ပို့လီယာဉ်နန့် (၇၁)ကြိမ် ရမ်းဗြဲမြို့နန့်မြို့နားတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခရေပိုင် နိခင်း ၁၂ နာရီ ၂၅ မိနစ်ကစလို့ ညဇာ ၃ နာရီ ၅၆ မိနစ်အထိ ဟတ်စကီးတစီးနန့် လက်နက်ကြီး၊ လက်နက်ချေတိ ပတ်လို့မွှိလို့ ပစ်ခ တ်နီခပါရေ။

ယင်းပိုင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ရီ၊ လီ ဝိုင်းပတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်တိ၊ဗုံးသီးတိစွာ ရမ်းဗြဲမြို့ တောင်ဥက္ကလာရပ်ကွက်နား၊ကိုယ်ရံတောင်နား၊တောင်ကျောင်းနား၊ ကင်းတဲရပ်ကွက်အနားတဝိုက်အပြင် ကြက်သရေရွာနန့် ရွာနားတဝိုက်သို့ ကျရောက်ပေါက်ကွဲခပါရေ။

အကြမ်းဖက်စစ်ကောင်စီ၏ လီယာဉ်နန့် ကြဲချလိုက်တေဗုံးသီးတိစွာ ကြက်သရေရွာထဲသို့ကျရောက် ပေါက်ကွဲပနာ ရွာထဲမာဟိနီရေ သက်ကြီးရွယ်အို ဦးမောင်လွမ်းသာကို ထိမှန်ပနာ နီရာမာပင် ဂွင်ချင်း သီဆုံးလားခ​ပါရေ။

ကုန်ခရေ ဖေဖော်ဝါရီ ၂၃ ရက်နိ၊ နိခင်း၂ နာရီ ၅၅ မိနစ်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ Mi-17 စစ်ရဟတ်ယာဥ်၂စီးစွာ ရမ်းဗြဲမြို့နယ်ကို လှည့်ပတ်ဗုံးကြဲရာယင်းကြက်သရေရွာနန့်ရွာနားတဝိုက်သို့ ဗုံးသီးအလုံး ၂၀ လောက်ကျရောက်ပေါက်ကွဲပနာ ရွာထဲဟိတက္ကသိုလ်ကျောင်းသား မောင်ဖြိုးစံအောင် ဗုံးစထိမှန်ပြီး ဂွင်ချင်းသီဆုံးလားခရပိုင်၊နောက်ထပ်ရွာသား၂ ယောက်လည်း ထိခိုက်ဒဏ်ရာတိ ရလားခ​ပါသိမ့်ရေ။

https://www.facebook.com/arakanprincessmedia1/posts/421210263637267

Leave a Reply

Your email address will not be published.