ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်း AA တိုက်ခိုက်

By Narinjara / 2024 February     8

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းရှိ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA)  ယနေ့ နံနက်က စတင် ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်နေသည်ဟု သိရသည်။

ဒေသခံ တစ်ဦးက “ဒီ‌နေ့ မနက်  ၇ နာရီခွဲကနေ ကိုးတန်ကောက်တပ်ကို ကိုယ့်တပ်တော်က တိုက်နေတယ်။ အခုလက်ရှိ ၁၁ နာရီ အထိပဲ”  ဟု ပြောသည်။

၎င်းပြင် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိသည်ဟု သိရသည်။ 

” ဒီနေ့ တစ်မနက်လုံး မြို့ပေါ်တပ်ရင်းတွေက လက်နက်ကြီးကျည်တွေနဲ့ပစ်နေတာ။ တိုက်ပွဲဖြစ်နေတဲ့ အဲ့ဒီဖက်ကို။ မနက် ၁၁ နာရီလောက်မှာတော့ လေယာဉ်နဲ့  ဗုံးလာကြဲတယ်” ဟု ပြောသည်။

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းသည် အငူမော်- မောင်တောကားလမ်းဘေးတွင်တည်ရှိပြီး  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီ အနီးတွင် တည်ရှိသည်။

https://www.facebook.com/narinjara.info/posts/791656776334787

Leave a Reply

Your email address will not be published.