ရသေ့တောင်က “ကိုးတန်ကောက် နယ်ခြားစောင့်စခန်း” ကို ရက္ခိုင့်တပ်တော် တိုက်ခိုက်

ရသေ့တောင်အခြီစိုက် စစ်ကောင်စီ၏ တပ်ရင်းတိက လက်နက်ကြီးအပြင် လီကြောင်းနန့်ပါ ပြင်းပြင်ထန်ထန်ပစ်ကူပီး

By Arakan Princess Media / 2024 February    8

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်းဟိစစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို ဖေဖော်ဝါရီ ၈ ရက်နိမိုးထ ၇ နာရီမာ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ သိရပါရေ။

ကိုးတန်ကောက် နယ်ခြားစောင့်စခန်းစွာရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်‌တော်စစ်ဆင်ရီး စတင်ဖော်ဆောင်ခရေ ၂၀၂၃ ခုနှစ်၊နိုဗမ်ဘာ (၁၃) / (၁၄)ရက်နိတိက စစ်ကောင်စီ လက် လွှတ်ဆုံးယှုံးခရေ ဒုံးပိုက်နန့်ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းတိအနားမာဟိရေ စခန်းတခုလည်း ဖြစ်ပါရေ။

တိုက်ပွဲဖြစ်နီတုန်းမာ စစ်ကောင်စီ၏ ရသေ့တောင်အခြီစိုက် တပ်ရင်းတိက လက်နက်ကြီးတိနန့် အင်တိုက်အား တိုက် ပစ်ကူပီးနီခရေပိုင်၊ လီကြောင်းပစ်ကူတိနန့်လည်းအသည်းအသန် ခုခံကာကွယ်ပီးခရေလို့ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/412186624539631

Leave a Reply

Your email address will not be published.