By Arakan Princess Media / 2024 February 8
ဒေနိ၊ ဖေဖော်ဝါရီ ၈ ရက်နိမာလည်း အကြမ်းဖက် စစ်ကောင်စီစွာ ရမ်းဗြဲမြို့ကို ကြည်း၊ရီ၊ လီတိ သုံးပနာ ပြင်းပြင်း ထန်ထန် ဆက်လက်တိုက်ခိုက်ခရေလို့ သိရပါရေ။
“ဒေနိ၊မိုးထစောစော၂နာရီကျော်လောက်ကပင် ဂျက်ဖိုက်တာနန့် လေးကြိမ်လောက် ဗုံးလာကြဲပါရေ။ ပထမ တလုံးစွာ ကောင်းပြင်းပါရေ။ နေဗီကလည်း မိုးထ ၁၀နာရီကစလို့ လက်နက်ကြီးတိနန့်တမိုးထလုံးပစ်တေ။ အလုံးပေါင်း ၃၀ နီးပါးတောင် ကျလီဖို့။ ယေပြီးကေအရာ သိမ်တောင်ဘုရားကုန်းမာဟိရေခွီးတိက လက်နက် ကြီးနန့် တရက်လုံးပစ်နီပါရေ။ ရမ်းဗြဲမြို့ထဲမာ လူမဟိဟာကို သိသိယင့်နန့် မြို့ပြာကျလားအောင် ယုတ်မာ အောက်တန်းကျရေ စိတ်ဓာတ်နန့် တသိတမင် ရမ်းဗြဲမြို့ကို ပစ်နီစွာပါ” လို့ ရမ်းဗြဲဒေသခံတယောက်က ပြောပါရေ။
ဒေနိခါ ထုတ်ပြန်ရေ ညီနောင်မဟာမိတ် (၃)ဖွဲ၏ ထုတ်ပြန်ချက်ထဲမာတော့ “ရမ်းဗြဲမြို့တွင် စစ်ကောင်စီသည် နေဗီစစ်သင်္ဘောဖြင့် ဒေနိ တရက်တည်း၌ (၂၅) ကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခသည်။ သိမ်တောင်ဘုရားကုန်း ထက်စစ်ကောင်စီတပ်စခန်းမှလည်း မိုးထ (၇) နာရီ (၂၀) မိနစ်အချိန်မှစ၍ နိခင်း(၂) နာရီ (၃၂) မိနစ်အချိန်ထိ ရမ်းဗြဲမြို့၊ အမှတ် (၅) လောင်းချောင်းဖက်သို့ လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခသည်။ ညည့်ခါကလည်း ရန်သူသည် ဂျက်ဖိုက်တာများဖြင့် ရမ်းဗြဲပတ်ဝန်း ကျင်အားလီကြောင်းမှ လာရောက်ဗုံးကြဲတို က်ခိုက်ခသည်” လို့ ဖော်ပြထားပါရေ။
https://www.facebook.com/arakanprincessmedia1/posts/412180197873607