ရန်ကုန်-စစ်တွေကားလမ်းဘေးရှိ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်

By Border News Agency / 2024 February   23

(ဓာတ်ပုံ-ရခိုင်စစ်ပွဲမှာ ရက္ခိုင့်တပ်တော်သိမ်းပိုက်ရရှိထားတဲ့လက်နက်ကြီးတစ်ခု/AA Info Desk)

ရန်ကုန်-စစ်တွေကားလမ်းဘေး၊အမှတ် ၅၅၀ ခြေ မြန်တပ်ရင်းအနီးရှိ ပုဏ္ဏားကျွန်းမြို့ပေါ်၊မြို့မရဲစခ န်းကို ဖေဖော်ဝါရီလ ၂၂ရက်၊မနေ့က တိုက်ခိုက်သိ မ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စစ်ကောင်စီရဲ့မြို့မရဲစခ န်းနဲ့အမှတ်၅၅၀ခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA)က ပိတ်ဆို့ဝိုင်းရံထားတာကြာပြီးဖြစ်ပေမယ့်

မနေ့က စတင်တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတ ယ်။

အဲဒီမြို့မရဲစခန်းဘေးညာဖက်ရှိအမှတ် ၅၅၀ ခြေမြ န်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က လက်နက်ချအညံခံရန်သတိပေးအကြောင်းကြားထားပြီးအဲဒီတ ပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးရင်တော့ပုဏ္ဏားကျွ န်းမြို့နယ်တခုလုံးကို ရက္ခိုင့်တပ်တော်(AA)က ထိန်း ချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလိုကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေ၊အ တွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေပစ်ခတ်ခုခံနေပေမယ့် ရက္ခိုင့်တပ်တော်(AA)က တစ်မြို့ပြီးတစ်မြို့တိုက် ခိုက်သိမ်းယူနေပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ကျေးရွာမှစ တင်ပြီး မြေပုံမြို့နယ်၊ကဇုကိုင်းတံတားအနီးရှိ စစ်တွေ-ရန်ကုန် ကားလမ်းတလျှောက်ကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားသလိုအဲဒီကားလမ်းတလျှောက်ရှိကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံမြို့နယ်တွေကို ရက္ခိုင့်တပ်တော်(AA)က အပြီးသ တ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်တဖက်ကမ်းရှိပေါ က်တောမြို့နယ်ကိုလည်း ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားတာမို့ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းသို့စစ်ကောင်စီတပ်မှစစ်ကူလာရောက်ရန်မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအမှတ် ၅၅၀ ခြေမြန်တပ်ရင်းဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တည်ရှိတဲ့ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နယ်နဲ့နယ်နိမိတ်ချင်းဆက်စပ်နေသ လို မိုင် ၂၀ ကျော်ခန့်သာကွာဝေးပေမယ့် ပုဏ္ဏားကျွ န်း-စစ်တွေကားလမ်းရှိ မင်းချောင်းတံတားကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၇ ရက်နေ့က မိုင်းခွဲ ဖျက်ဆီးထားပြီဖြစ်ပါတယ်။

အဲဒီအမှတ် ၅၅၀ ခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးရင်တော့ ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့န ယ်ဟာ ဘေးပတ်ဝန်းကျင်မှာထိန်းချုပ်ရာမြို့ကင်းမဲ့သွားပြီဖြစ်သလို စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကဲမှုစ စ်ဌာနချုပ်ဟာလည်း ရက္ခိုင့်တပ်တော်(AA)ထိုးစစ်ကို စစ်ကူမဲ့ခံရတော့မှာဖြစ်ပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရက္ခိုင့်တပ်တော်(AA)က ပလက်ဝဒေသတခုလုံးအပါအဝင်ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တော၊မြေပုံ၊တောင်ပြိုလ က်ဝဲမြို့နယ်ခွဲ၊မအီမြို့နယ်ခွဲတွေကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီအပြင် မောင်တော၊ဘူးသီးတောင်၊ရသေ့တော င်၊ပုဏ္ဏားကျွန်း၊စစ်တွေ၊အမ်း၊ကျောက်ဖြူ၊ရမ်းဗြဲမြို့တွေကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်

တိုက်ခိုက်နေပါတယ်။

https://www.facebook.com/bordernewsagency/posts/419653793916124

Leave a Reply

Your email address will not be published.