By Border News Agency / 2024 February 20

မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က တစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်နေတာမို့ မောင်တောမြို့အနီးရှိနတ်မြစ်ထဲမှာ ရေတပ်အင်အားတိုးပြီးကင်းလှည့်တာတွေပိုမိုပြုလုပ်နေပါတယ်။
အဲဒီရခိုင်-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ဖြစ်တဲ့နတ်မြစ်အ တွင်းမှာ စစ်ကောင်စီရေတပ်က ရေတပ်စစ်သင်္ဘောကြီးငါးစီးထိတိုးချထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လည်းရေတပ်စစ်သင်္ဘောငါးစီးထိတိုးချထားပြီး
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ရေတပ်ပူးပေါင်းကင်းလှည့်တာတွေလည်း ပြုလုပ်နေကြပါတယ်။
အဲဒီလိုအင်အားတိုးချပြီးလုံခြုံရေးတင်းကြပ်ထားတာမို့ စစ်ဘေးရှောင်မယ့်သူတွေ၊အရေးပေါ်ဆေးဝါးကုသမယ့်သူတွေ နယ်စပ်ဖြတ်ကျော်မရတဲ့အခက် အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ မောင်တောဒေ သခံတွေက ဆိုကြပါတ ယ်။
”မောင်တောဖက်ကစစ်ဘေးရှောင်တွေထွက်လို့မရ အောင်ပိတ်ထားပါတယ်။ဘင်္ဂလာဖက်ကလည်းလုံးဝဝင်လို့မရအောင်လုပ်ထားပါတယ်။စစ်ဘေးရှော င်တွေ၊ဆေးကုမယ့်သူတွေအတွက် ဘင်္ဂလာဖက်က ဖွင့်ပေးသင့်ပါတယ်။ဝင်ခွင့်ပေးစေချင်ပါတယ်။”လို့ မောင်တောဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးကို ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေအပြင် အတွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေပစ်ခတ်ခုခံနေပေမယ့် ရက္ခိုင့်တပ်တော်(AA)က တမြို့ပြီးတမြို့တိုက် ခိုက်သိမ်းယူနေပါတယ်။
အဲဒီမောင်တောမြို့နယ်ရှိတောင်ပြိုလက်ယာစခန်းကို ရက္ခိုင့်တပ်တော်(AA)မှ ဖေဖော်ဝါရီလ ၄ရက်နေ့၊နံနက် ၅ နာရီ ၁၀မိနစ်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ ညနေ ၆ နာရီခန့်မှာ တောင်ပြိုလက်ယာဗျူဟာစခန်းတစ်ခုလုံးကို ၁၂ နာရီအတွင်း အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
အဲဒီတောင်ပြိုလက်ယာစခန်းမှာ အင်အား ၁၅၀ ခန့်ရှိပြီးရက္ခိုင့်တပ်တော်(AA)ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သေဆုံးသူများပြားကာ အနည်းငယ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၀ ကျော်ခန့်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလွှတ်မြောက်လာကြတယ်လို့ထွက်ပြေးလာကြတဲ့စစ်ကောင်စီတ ပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီတောင်ပြိုလက်ယာကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး နောက်ဖေဖော်ဝါရီလ ၆ ရက်နေ့၊ညနေပိုင်းက တောင်ပြိုလက်ဝဲစခန်းကိုလည်း အပြီးသတ်သိမ်း ပိုက်ရယူနိုင်ခဲ့ပါတယ်။
အဲဒီတောင်ပြိုလက်ယာ၊လက်ဝဲနဲ့ကျီးကျွန်းစခန်းတွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီ လ ၇ ရက်နေ့ထိ တောင်ပြိုလက်ဝဲမှတပ်ရင်းမှူးဒုရဲမှူးကြီးကျော်စိုးနိုင်အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြပါတယ်။
အဲဒီလိုထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကြည်ဖြူစွာလက်ခံပြီး စစ်ကောင်စီဆီပြန်လည်လွှဲပြောင်းပေးခဲ့ပေမယ့် စစ်ဘေးရှောင်တွေ၊ဆေးကုဖို့လာသူတွေကို လက်မခံတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်တာလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြကြပါတယ်။
https://www.facebook.com/bordernewsagency/posts/418239434057560